မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာတော့ ကမ္ဘာပေါ်က လူတော်တော်များများကို ဆွဲဆောင်နိုင်တဲ့ တံတားလေးတစ်စင်းရှိပါတယ်။၎င်းတံတားလေးကိုတော့ Golden Bridge လို့ခေါ်ကြပြီး ဗိယက်နမ်နိုင်ငံ Da Nang မြို့ရဲ့ အပြင်ဘက်က Ba Na တောင်စောင်းမှာ တည်ရှိပါတယ်။

ဒီတံတားရဲ့ အရှည်ကတော့ 1400 မီတာလောက်ရှိပြီး နာမည်ကြီးနေရတဲ့ အကြောင်းရင်းကတော့ တံတားကိုကိုင်ထားသလို တည်ဆောက်ထားတဲ့ ကြောက်လက်ဝါးကြီး နှစ်ခုကြောင့်ပဲဖြစ်ပါတယ်။ ဒီကြောက်လက်ဝါးကြီးနှစ်ခုဟာ အရမ်းလည်းကြီးမားလှသလို တံတားရဲ့ကိုယ်ထည်ကို ကိုင်ထားသလို ဖြစ်နေတာကြီးက နိုင်ငံခြားခရီးသွားတွေအတွက် အထူးအဆန်းတစ်ခုလို ဖြစ်နေခဲ့ပါတယ်။


ဒါ့အပြင် ဒီတံတားဟာ တောင်စောင်းပေါ်မှာ တည်ဆောက်ထားတာကြောင့် သဘာဝပတ်ဝန်းကျင်ရဲ့ အလှကိုလည်း တဝကြီးခံစားနိုင်ပြီး ဒီတံတားပေါ်က မြင်ရတဲ့ရှုခင်းဟာလည်း အရမ်းလှပါတယ်။ဒီတံတားဟာ လေကောင်းလေသန့်ရှူပြီး အပန်းဖြေလိုသူတွေအတွက်လည်း သင့်တော်လှတဲ့နေရာတစ်ခုဖြစ်တာကြောင့် လာရောက်လည်ပတ်သူ ဦးရေ အများအပြားရှိတဲ့ နေရာတစ်နေရာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေရော ပုံလေးတွေမြင်ပြီး ဒီတံတားကို သွားမလည်ချင်ကြဘူးလား.................................................


သတင်းအရင်းမြစ်: Wikipedia
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။