အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ချစ်ဇနီးလေးဆီကနေ အာဏာကိုပြန်သိမ်းလိုက်ပြီး လက်ဦးမှုရယူလိုက်တဲ့ ကောင်းကျော်

//s9.kh1.co/e6/e61794a27473f913465361383b94d6287cbc350f.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ ချစ်ဇနီးလေးဆီကနေ အာဏာကိုပြန်သိမ်းလိုက်ပြီး လက်ဦးမှုရယူလိုက်တဲ့ ကောင်းကျော်

သရုပ်ဆောင်၊လူရွှင်တော်တစ်ယောက်ဖြစ်တဲ့ ကောင်းကျော်ကတော့ ပရိသတ်တွေကို အမြဲရယ်မောအောင်လုပ်ဆောင်ပေးနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ကောင်းကျော်က နေ့အချိန်ထိလည်းအနုပညာအလုပ်တွေကိုလုပ်ဆောင်နေသလို ကိုဗစ်ကာလအတွင်းမှာလည်း တစ်နိုင်တစ်ပိုင်စီးပွားရေးလေးတွေကိုလုပ်ကိုင်နေတာဖြစ်ပါတယ်။ကောင်းကျော်ရဲ့ချစ်ဇနီးကလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသတာကြောင့် သူတို့ရဲ့အိမ်ထောင်ရေးလေးက အေးချမ်းပါတယ်နော်။

Photo Credit:U Kaung Kyaw's Facebook Account

ကောင်းကျော်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အေးအတူပူအမျှနဲ့ နေထိုင်နေကြတာဖြစ်လို့ အရမ်းအားကျဖို့ကောင်းပါတယ်နော်။ကောင်းကျော်ကလည်း လူရွှင်တော်ပီပီ ချစ်ဇနီးလေးကိုအမြဲစနောက်တတ်ပြီး ပျော်အောင်ထားပေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း ကောင်းကျော်က ချစ်ဇနီးလေးသက်သာအောင်လို့ ကိုယ်တိုင်ဈေးခြင်းတောင်းဆွဲပြီး ဈေးဝယ်ကာ အိမ်မှာလည်း ထမင်း၊ဟင်းတွေကို ချက်ပြုတ်ပေးနေတာဖြစ်ပါတယ်နော်။ 

Photo Credit:U Kaung Kyaw's Facebook Account
Photo Credit:U Kaung Kyaw's Facebook Account
Photo Credit:U Kaung Kyaw's Facebook Account
Photo Credit:U Kaung Kyaw's Facebook Account
Photo Credit:U Kaung Kyaw's Facebook Account
Photo Credit:U Kaung Kyaw's Facebook Account

ကောင်းကျော်ကတော့"အာဏာသိမ်းခြင်း ကိုဗစ် ကိုစိတ်ပူရ တာကတစ်မျိုး၊အလုပ်မရှိလို့ စိတ်ပူရတာက တစ်မျိုး၊စားဝတ်နေရေးအတွက် ပူရတာကတစ်မျိုး၊ဟိုဟာဖြစ်မှာ စိတ်ပူရတာကတစ်မျိုး၊ဒီဟာဖြစ်မှာ စိတ်ပူရတာကတစ်မျိုး၊ကန့်ကွက်တာကတစ်မျိုး၊ထောက်ခံတာက တစ်မျိုး၊ဒီတော့ မထူးတော့ဘူး  ကိုင်း အိမ်ထောင်ဦးစီး တစ်ယောက်အနေနဲ့လက်ဦးမှုယူပြီး အိမ်ထောင် "အာဏာ"သိမ်းတယ်ကွာ  ဘာပြောကြမလဲပြော ငါကွ  မှတ်ထား   ဟားဟားဟား"ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:U Kaung Kyaw's Facebook Account
Photo Credit:U Kaung Kyaw's Facebook Account
Photo Credit:U Kaung Kyaw's Facebook Account
Photo Credit:U Kaung Kyaw's Facebook Account

Source&Photo Credit:U Kaung Kyaw's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T