ကြော်ငြာရိုက်ကူးရေးအပြီးမှာ ဖြူဖြူထွေးက တရိုတသေ လေးလေးစားစားနဲ့ ဂါဝရပြုကန်တော့ခဲ့လို့ ကြည်နူးဝမ်းသာနေတဲ့ ဝါဝါအောင်

//s9.kh1.co/c5/c5f9fde4cab369803e666b2185dcf7bdeeefaf44.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

မင်းသမီးကြီး ဝါဝါအောင် ကတော့ ဆယ်စုနှစ်လောက်ကတည်းက အနုပညာအလုပ်တွေကိုလုပ်ကိုင်လာခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝါဝါအောင် ဟာ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်တွေပဲဖြစ်ဖြစ် ပီပြင်အောင် သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း ဝါဝါအောင်က အနုပညာအလုပ်တွေကို ဖြည်းဖြည်းချင်းလုပ်ကိုင်နေတာတွေ့ရပါတယ်။

Photo Credit- Wah Wah Aung fb account
Photo Credit- Wah Wah Aung fb account
Photo Credit- Wah Wah Aung fb account
Photo Credit- Wah Wah Aung fb account

ဝါဝါအောင် က စိတ်သဘောထားပြည့်ဝသလို သနားကြင်နာပြီး ဖော်ရွေတတ်တဲ့ စိတ်ထားလေးကြောင့် ချစ်တဲ့သူတွေပေါများနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက်အရွယ်ရလာပေမဲ့လည်း ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုပြီး ချောမောလှပ နေတုန်းပဲဖြစ်ပါတယ်။ ယခုမှာလည်း ဝါဝါအောင်က ပရိသတ်တွေလည်း ကြည်နူးစေမယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- Wah Wah Aung fb account
Photo Credit- Wah Wah Aung fb account
Photo Credit- Wah Wah Aung fb account
Photo Credit- Wah Wah Aung fb account

ဒီပုံလေးလေးတွေကတော့ ဖြူဖြူထွေးရဲ့ ကြော်ငြာလေးမှာ အားဖြည့်ပါဝင်ရိုက်ကူးရင်း ဂါဝရပြု ကန်တော့ခံရလို့ ဝမ်းသာကြည်နူးနေတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဒီပုံလေးတွေကို သဘောကျချစ်ခင်ရမယ်လို့ မျှော်လင့်မိပါတယ်။ ကဲ..ပရိသတ်ကြီးရေ မင်းသမီးချောလေး ဖြူဖြူထွေးက ဂါဝရပြု ကန်တော့ခဲ့လို့ ကြည်နူးပီတိဖြစ်ခဲ့ရတဲ့ ဝါဝါအောင်ရဲ့ ပုံလေးတွေကို ပြန်လည်ကြည့်ရှု့လို့ရအောင်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Wah Wah Aung fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T