ကိုးလလွယ်၊ဆယ်လဖွားပေးခဲ့တဲ့ မေမေ့ကို သူမရဲ့မွေးနေ့လေးမှာ ဘုရားတွေလိုက်ပို့ပေးပြီး ပျော်ရွှင်အောင်ထားပေးခဲ့တဲ့ ပုလဲဝင်း

//s9.kh1.co/02/020b89e37aaab4782bb8a2f2db368584cb4ed39c.jpg
အနုပညာရှင်များ

 ၂၆-ဇန်-၂၀၂၁ ၇pm · လွန်ခဲ့သော ၃ နှစ် က

ကိုးလလွယ်၊ဆယ်လဖွားပေးခဲ့တဲ့ မေမေ့ကို သူမရဲ့မွေးနေ့လေးမှာ ဘုရားတွေလိုက်ပို့ပေးပြီး ပျော်ရွှင်အောင်ထားပေးခဲ့တဲ့ ပုလဲဝင်း

ပရိသတ်ကြီးရေ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ ပုလဲဝင်းကတော့ အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေတာဖြစ်ပါတယ်နော်။ပုလဲဝင်းက တစ်ခေတ်တစ်ခါမှာဆိုရင် ကြော်ငြာတွေအများအပြားရိုက်ကူးခဲ့ရပြီး ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ပရိသတ်တွေကတော့ ပုလဲဝင်းရဲ့ စကားပြောဟန်လေးတွေကိုချစ်ပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို အားပေးဝန်းရံခဲ့ကြတာဖြစ်ပါတယ်နော်။

Photo Credit:Pearl Win's Facebook Account
Photo Credit:Pearl Win's Facebook Account
Photo Credit:Pearl Win's Facebook Account
Photo Credit:Pearl Win's Facebook Account

ပုလဲဝင်းက လက်ရှိအချိန်ထိလည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို တစ်ခဲနက်ပိုင်ဆိုင်ထားဆဲဖြစ်ပါတယ်။ပုလဲဝင်းကတော့ ငယ်ငယ်တုန်းကဆိုရင် သွက်လက်ဖျက်လက်ပြီး အရမ်းတက်ကြွတဲ့မင်းသမီးလေးပဲဖြစ်ပါတယ်နော်။ပုလဲဝင်းက အခုချိန်မှာတော့ ရင့်ကျက်တည်ငြိမ်တဲ့အလှတရားတွေနဲ့ ပျိုမျစ်နုနယ်နေဆဲဖြစ်ပါတယ်။ဒီနေ့လေးဟာဆိုရင်တော့ ပုလဲဝင်းရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်လို့ ချစ်ခင်သူတွေက မွေးနေ့ဆုတောင်းလေးတွေရေးပေးထားကြတာဖြစ်ပါတယ်နော်။ 

Photo Credit:Pearl Win's Facebook Account
Photo Credit:Pearl Win's Facebook Account
Photo Credit:Pearl Win's Facebook Account
Photo Credit:Pearl Win's Facebook Account
Photo Credit:Pearl Win's Facebook Account
Photo Credit:Pearl Win's Facebook Account

ပုလဲဝင်းက လက်ရှိမှာဆိုရင် နေပြည်တော်မှာနေထိုင်နေပြီး အေးအေးချမ်းချမ်းနဲ့ဘဝကိုလျှောက်လှမ်းနေတာဖြစ်ပါတယ်။ဒီနေ့လေးမှာတော့ ပုလဲဝင်းက မေမေနဲ့အစ်မဖြစ်သူကို နေပြည်တော်မှာရှိတဲ့ဘုရားတွေကိုလိုက်ပို့ပေးပြီး မွေးနေ့ပွဲလေးကျင်းပကြတာဖြစ်ပါတယ်။ပုလဲဝင်းက"ရောက်တာကြာနေပေမယ့် ကိုဗစ်ကာလမို့ ဘယ်မှ မရောက် မပို့ပေးရသေးသော မားမားနဲ့ အစ်မ.... မွေးနေ့ဘုရားရောက် အမှတ်တရ"ဆိုပြီး သားအမိသုံးယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို မျှဝေလာခဲ့တာပဲဖြစ်ပါတယ်နော်။

Photo Credit:Pearl Win's Facebook Account
Photo Credit:Pearl Win's Facebook Account
Photo Credit:Pearl Win's Facebook Account
Photo Credit:Pearl Win's Facebook Account

Source&Photo Credit:Pearl Win's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T