နန်းတော်ကြီးတမျှခမ်းနားကျယ်ဝန်းလှပလွန်းသော သူမနေထိုင်တဲ့ ငါးထပ်ခွဲတိုက်အိမ်ကြီးကို ထုတ်ဖော်ပြသလိုက်တဲ့ ပန်းရောင်ခြယ်

//s9.kh1.co/bf/bfc5139c55fb0d0fd7e38532ca504d61a29310d5.jpeg
အနုပညာရှင်များ

 ၂၈-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

အဆိုတော်မလေး  ပန်းရောင်ခြယ်ကတော့  ဖခင်ဖြစ်သူ  ဂရေဟမ်ရဲ့  ဂီတအမွေကို  အပြည့်အဝဆက်ခံထားသူတစ်ယောက်လည်း  ဖြစ်ပါတယ်။  မကြာသေးမီ  နာရီပိုင်းလောက်ကလည်း  သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  ပုံလေးတွေ တင်ထားတာပဲ  ဖြစ်ပါတယ်။ ဒါကတော့ နန်းတော်ကြီးတမျှခမ်းနားကျယ်ဝန်းလှပလွန်းသော သူမတို့မိသားစုနေထိုင်တဲ့ ငါးထပ်ခွဲတိုက်အိမ်ကြီးကို ထုတ်ဖော်ပြသလိုက်တာပဲ  ဖြစ်ပါတယ်။

Photo Crd- Pan Yaung Chel’s Facebook Page 

သူမကလည်း "ပန်း​ရောင် ရဲ့ private account မှာ memory လေးပြန်တက်လာလို့။ ဒီအိမ်​လေး Mummy ​ဆောက်လို့ပြီးတာ ၅ နှစ်ရှိပြီ။ Mummy က engineering တို့ architecture တို့နဲ့ကျောင်းပြီးတာမဟုတ်တဲ့အတွက် ဒီပညာကိုတတ်ကျွမ်းလို့လုပ်တာမဟုတ်ပဲ မိသားစုအတွက် business တစ်ခုဖြစ်အောင်ဆိုပြီး ငယ်ငယ်ထဲက တတ်သလောက်လေးနဲ့ စလုပ်ခဲ့တယ်၊ အမြဲလေ့လာတယ်၊ ကိုယ်တိုင်လည်းအရမ်း creative ဖြစ်တယ်။ ပန်း​ရောင်တို့ သားအဖသုံး​ယောက်က အနုပညာအလုပ်ကိုပဲ ချစ်ပြီးအားသန်တာ၊ စီးပွား​ရေးပိုင်းကို အားမသန်ကြဘူး။ မိသားစုထဲမှာMummy က business mind-set အရမ်းရှိလို့​တော်​သေးတယ် ဟီး။ Daddy နဲ့ အိမ်​ထောင်ကျ​ပြီး ပန်းရောင်ကိုမွေးတဲ့အချိန်အထိ ၂  ယောက်လုံးက တက္ကသိုလ်​ကျောင်းသူကျေင်းသား ဘဝပဲရှိ​သေးတယ်။ Daddy က ဒရမ်တီးပြီးမိသားစုအတွက်ပိုက်ဆံရှာပေးတယ် Mummy ကလဲ မလိုတာမသုံးပဲ ရှိတဲ့ပိုက်ဆံလေးတွေကို စနစ်တကျသုံးတယ်။၂ ယောက်သားငယ်ငယ်ထဲကအတူ ဘဝကိုကြိုးစားရုန်းကန်ရင်းဖြတ်သန်းလာခဲ့တယ်။ Daddy အဆိုတော်ဖြစ်ပြီးနောက် ရှိုးပွဲတွေဆို အခွေရောင်းလို့ရလာတဲ့ ​ငွေတွေကို သူ့အတွက် ပိုက်ဆံအိတ်၊ စိန်​ရွှေရတနာမဝယ်ဘဲ ဘိလပ်​မြေတို့ အုတ်တို့ပဲဝယ်ခဲ့တယ်။ 

Photo Crd- Pan Yaung Chel’s Facebook Page 
Photo Crd- Pan Yaung Chel’s Facebook Page 
Photo Crd- Pan Yaung Chel’s Facebook Page 
Photo Crd- Pan Yaung Chel’s Facebook Page 
Photo Crd- Pan Yaung Chel’s Facebook Page 
Photo Crd- Pan Yaung Chel’s Facebook Page 

Daddy ရှာလို့ရလာတဲ့ အနုပညာ​ကြေး​တွေစုပြီး Mummy က ​မြေကွက်အလွတ်​လေး​တွေဝယ်လိုက်၊ အိမ်ဒီဇိုင်းအပြင်​ရောအတွင်းရောစဥ်းစား၊ အခန်းဖွဲ့စည်းပုံ၊ နံရံကပ် wallpaper၊ မျက်နှာကြက်ဒီဇိုင်း၊ ပန်းရောင်တို့အတွက်ဆိုဗီရို မှန်တင်ခုံကပါအစ ကိုယ်တိုင်ဒီဇိုင်းစဥ်းစားပြီး ဖန်တီး​ပေးတယ်။ နေ့တိုင်း ဆိုက်ထဲဆင်းတယ်၊ ဆောက်လို့ပြီးပြီဆို အဲ့ခြံနဲ့အိမ်ကို​ရောင်းလိုက်၊ ပြီးရင်​နောက်တစ်ခြံဝယ်လိုက်၊ ဆောက်လိုက် ရောင်းလိုက် အဲ့လိုမျိုးစီးပွားရှာခဲ့တယ်။ အဲ့ဒါတင်မဟုတ်ဘူး Daddy ရဲ့ အ​ခွေထုတ်လုပ်​ရေးအပိုင်းမှာလဲ အ​ခွေ promotion ဘယ်လိုလုပ်မယ်၊valentine's album ဆိုရင် အခွေထဲမှာ postcard လက်​ဆောင်​လေး​တွေဘယ်လိုထည့်​ပေးမယ်၊ အခွေအတွက်တီဗွီကြော်ငြာဆက််လဲ ဒါရိုက်တာဦးပီတာ၊ ဦးမီးပွားတို့နဲ့အတူ သူ edit ထိုင်ဆက်တယ်၊ album cover photoshoot မှာDaddy နဲ့ အတူရိုက်မယ့် မင်းသမီးဝတ်ဖို့ဝတ်စုံကအစ သူစဥ်းစားစီစဥ်ပေးတယ်။ အရမ်းထက်မြတ်ပြီး မိသားစုကိုလဲအရမ်းချစ်တဲ့သူတစ်ယောက်။ ပန်းရောင်တို့အတွက် ဒီအိမ်လေးဆောက်တဲ့အချိန် ၁ နှစ် နဲ့ ၈ လ အတွင်း ၅ ထပ်ခွဲကို သူနေ့တိုင်းတက်လိုက်ဆင်းလိုက်နဲ့ ဒူး​ခေါင်းအရွတ်ပါပါးသွားရှာတယ်။ ငယ်ငယ်ထဲက ပန်းရောင်တို့အိမ်ကို ဧည့်သည်လာပြီဆိုရင် "မသဉ္ဇာ ဆောက်ထားတဲ့အိမ်လေးက လှလိုက်တာ" ဆိုပြီးအမြဲကြားရတယ်။ အိမ်လှလှလေးတွေနဲ့နေခွင့်ရလို့ ကိုယ့်ကိုယ်ကို အရမ်းကံကောင်းတယ်လို့ထင်မိတယ်။ ပန်း​ရောင်အမြဲ​တွေးမိတယ်၊ အကယ်၍ပန်း​ရောင် အိမ်​ထောင်ပြုခဲ့သည်ရှိ​သော်၊ Mummy လို ဇနီး​ကောင်း မိခင်​ကောင်း ဖြစ်နိုင်ပါ့မလားပေါ့။ ကိုယ်ရဲ့အချိန်၊ အသိပညာအတတ်ပညာနဲ့ ​မေတ္တာတွေ​ပေးပြီး ယောကျာ်းနဲ့က​လေး​တွေကို ကျန်းမာ​ပျော်ရွှင်​အောင်ထားနိုင်ဖို့၊ ကိုယ့်အလှည့်ကျရင် အဲ့လို​ပေးဆပ်နိုင်ပါ့မလား​တွေးမိတယ်။ ပန်း​ရောင်တို့သုံး​ယောက်ရဲ့ ဘဝအတွက် Mummy က တန်ဖိုးမဖြတ်နိုင်တဲ့သူတစ်​ယောက် ? ဒီလိုမိခင်မျိုးရဲ့ သမီးဖြစ်ရတာ အရမ်းဂုဏ်ယူတယ်။ မိဘရဲ့ ​ကျေးဇူးနဲ့​မေတ္တာက​တော့ ဘယ်တော့မှ ဆပ်လို့ကုန်မှာမဟုတ်ဘူး။ အတူရှိနေတဲ့အချိန်​တွေကို အမြဲတန်ဖိုးထားဖို့ကြိုးစားရင်း.. ?" ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆပ်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Paung Yaung Chel’s Facebook Page 

Photo Crd- Pan Yaung Chel’s Facebook Page 
Photo Crd- Pan Yaung Chel’s Facebook Page 
Photo Crd- Pan Yaung Chel’s Facebook Page 
Photo Crd- Pan Yaung Chel’s Facebook Page 
Photo Crd- Pan Yaung Chel’s Facebook Page 
Photo Crd- Pan Yaung Chel’s Facebook Page 
Su Su Sandi Aung
su

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T