ပရိသတ်ကြီးရေ.......ဒိတ်ဒိတ်ကြဲ မော်ဒယ်လ်မင်းသမီးတစ်ယောက်အနေနဲ့သာမက ရုပ်ရှင်မင်းသမီးတစ်ယောက်အနေနဲ့ပါ ရပ်တည်နေတဲ့ သန္တာဗိုလ်ကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ အရပ်အမောင်းမြင့်မြင့်လေးကိုပိုင်ဆိုင်ထားတာဖြစ်တဲ့အပြင် သွယ်လျတဲ့ဘော်ဒီလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် တကယ်ကိုပြီးပြည့်စုံတဲ့ မော်ဒယ်လေးဆိုလည်း မမှားပါဘူး။


သန္တာဗိုလ်ဟာ မင်းသားချောကောင်းပြည့်နဲ့လည်း ပရိသတ်တွေအားကျချစ်ခင်ရတဲ့ relationshipကို တည်ထောင်ထားတာဖြစ်ပြီး လိုက်ဖက်ညီလွန်းလို့ ပရိသတ်တွေကသူမတို့စုံတွဲလေးကို အချစ်တွေပိုနေရတာဖြစ်ပါတယ်။ သန္တာဗိုလ်ဟာ အားလပ်ချိန်လေးတွေမှာဆိုရင်လည်း Tik Tokဗီဒီယိုလေးတွေကို ရိုက်ကူးတတ်ပြီး ခပ်မိုက်မိုက်လေးတွေကလေ့ရှိပါတယ်နော်....။


အခုဆိုရင်လည်းသန္တာဗိုလ်ဟာ အဝါရောင်ဖက်ရှင်လေးနဲ့ထိမိနေတဲ့ ပုံအလန်းလေးတွေကို သူမရဲ့ Facebookစာမျက်နှာမှာ "ဆန်းဆန်းပြားပြား အသည်းစကားပြောတာလား..အသွေးရော အသားရောပေးမလားတောင်းနေတယ်😜🌞💛....." ဆိုတဲ့ captionလေးနဲ့အတူ တင်ပေးလာခဲ့ပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


သတင်းအရင်းမြစ်: Thandar Bo's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။