နှုတ်ခမ်းလေးထော်ပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေနဲ့ မောင်လေးတွေအသည်းကြွေလောက်အောင် ဖမ်းစားထားတဲ့ မယ်လိုဒီရဲ့ tik tokဗီဒီယို

//s9.kh1.co/28/28478da5df6b81003d5909b69f16462b1f33d697.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင် မယ်လိုဒီ ကတော့ အောင်မြင်နေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထား သူပဲဖြစ်ပါတယ်။ မယ်လိုဒီဟာ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို များစွာရိုက်ကူးထားပြီး အကောင်းဆုံး လျှောက်လှမ်းလာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မယ်လိုဒီ က ကြော်ငြာလေးတွေအပြင် photo shooting တွေကိုလည်းရိုက်ကူးနေရတာ တွေ့ရပါတယ်။

Photo Credit-Actress Melody fb page
Photo Credit-Actress Melody fb page
Photo Credit-Actress Melody fb page
Photo Credit-Actress Melody fb page

ဒါ့အပြင် မယ်လိုဒီက ကလေးအမေတစ်ယောက်ဖြစ်ပေမဲ့လည်း ဆယ်ကျော်သက်လေး တစ်ယောက်လို ငယ်ရွယ်နုပျိုနေပြီး တမူထူးခြားတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ အနုပညာကိုအထူးဝါသနာကြီးလွန်းတဲ့ မယ်လိုဒီ က မကြာခဏ tik tok လေးတွေဆော့ကစားပြီး ချစ်တဲ့သူတွေအတွက်ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာတော့ မယ်လိုဒီက ကြော်ငြာရိုက်ကူးရေးလုပ်ရင်း အပျင်းအပြေဆော့ကစားထားတဲ့ ချစ်စရာ tik tok လေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit-Actress Melody fb page
Photo Credit-Actress Melody fb page
Photo Credit-Actress Melody fb page
Photo Credit-Actress Melody fb page

ဒီဗီဒီယိုလေးထဲမှာတော့ မယ်လိုဒီ က နာမည်ကြီးနေတဲ့ tik tok လေးကို ကိုယ်ပိုင်ဟန်လေးနဲ့အသည်းယားစရာကောင်းအောင် ဆော့ကစားထားတာဖြစ်ပါတယ်။ ဒါ့အပြင် စူးရှတဲ့ အကြည့်လေးတွေအပြင် နှုတ်ခမ်းလေးထော်ထော်ပြီး အိုက်တင်လေးတွေလုပ်ပြနေတာက တကယ့်ကို ချစ်အားပိုလောက်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိပြီး ကြွေရက်စရာကောင်းတဲ့ မယ်လိုဒီ ရဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်VideoCredit &Source - Actress Melody fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T