တူညီဝတ်စုံလေးတွေဝတ်ဆင်ပြီး လူငယ်တွေအရှုံးပေးရလောက်အောင် အိုက်တင်မျိုးစုံပေးပြီး ရိုဆန်နေတဲ့ နေမျိုးအောင်တို့ဇနီးမောင်နှံ

//s9.kh1.co/37/37b0950a44458472ee02e4ef0aa7dae6a56dc37c.jpg
အနုပညာရှင်များ

 ၂၇-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဝါရင့်မင်းသားကြီး နေမျိုးအောင် ကတော့ အနုပညာလောကမှာ နေရာတစ်နေရာကို ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေနဲ့အတူ ရပ်တည်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နေမျိုးအောင်က ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျပီပြင်အောင် အကောင်းဆုံး ကြိုးစားမှုတွေကြောင့်ပဲ ပရိသတ်တွေက သဘာဝမင်းသားကြီးလို့တောင် ခေါ်ကြတာကို တွေ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေးအလုပ်ကိုလည်း ကြိုးကြိုးစားစား လုပ်ကိုင်နေတာတွေ့ရပါတယ်။

Photo Credit - အာဗြဲစိန် fb page
Photo Credit - အာဗြဲစိန် fb page
Photo Credit - အာဗြဲစိန် fb page
Photo Credit - အာဗြဲစိန် fb page
Photo Credit - အာဗြဲစိန် fb page
Photo Credit - အာဗြဲစိန် fb page

နေမျိုးအောင်ဟာ အသက်အရွယ်ရလာပေမဲ့လည်း ယနေ့အချိန်ထိ ငယ်ရွယ်နုပျိုနေပြီး တည်ကြည်ခန့်ညားကာ ချောမောနေတုန်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်စားဆင်ယဥ်မှုမှာလည်း ခေတ်နဲ့အညီ လူငယ်တွေနဲ့အပြိုင် ဝတ်ဆင်တတ်တာ တွေ့ရပါတယ်။ ယခုမှာတော့ နေမျိုးအောင် က ပရိသတ်တွေ အားကျချစ်ခင်လောက်မယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - အာဗြဲစိန် fb page
Photo Credit - အာဗြဲစိန် fb page
Photo Credit - အာဗြဲစိန် fb page
Photo Credit - အာဗြဲစိန် fb page

ဒီပုံလေးတွေကတော့ သူ့ရဲ့ ဇနီးချောလေးနဲ့ အတူ တူညီဖက်ရှင်ဝတ်စုံလေးတွေ ဝတ်ဆင်ပြီး လူငယ်တွေလို လွတ်လပ်ပေါ့ပါးပြီး ရိုဆန်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း " အေးချမ်းတဲ့ အညာအိုအေစစ်မှာ အေးမြတဲ့ချစ်ခြင်းများနဲ့ မင်းနဲ့ငါ" ဆိုပြီး စကားလုံးလှလှလေးတွေနဲ့ ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း နေမျိုးအောင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ချစ်စရာပုံလေးတွေကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

Photo Credit - အာဗြဲစိန် fb page
Photo Credit - အာဗြဲစိန် fb page
Photo Credit - အာဗြဲစိန် fb page
Photo Credit - အာဗြဲစိန် fb page

သတင်း အရင်းအမြစ်Source - အာဗြဲစိန် fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T