ကိုယ်၀န်ဆောင်အမ‌ျိုးသမီးကို ထိုင်ခုံနေရာ ပေးခဲ့လို ထိုက်တန်တဲ့ဆု ရရှိခဲ့တဲ့ အမျိုးသား

//s9.kh1.co/04/0404e0e5e9b7c0041b2d4017891696c1d38163c7.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကျွန်တော်တို့နိုင်ငံမှာ အများပြည်သူသုံးယာဉ်လိုင်းတွေ စီးတဲ့အခါ သံဃာတော်တွေ ၊ အသက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို မိမိ ထိုင်တဲ့နေရာပေးကြတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့လေးရှိပါတယ်။ ဘယ်လို ယာဉ်လိုင်းမျိုးမှာပဲ စီးစီး အခက်အခဲတွေ့ကြုံနေရတဲ့သူကို အဆင်ပြေအောင် ကူညီပေးလိုက်ခြင်းဟာ တစ်ခြားသူအတွက်လည်း အဆင်ပြေသွားသလို မိမိမှာလည်း ကုသိုလ်ကောင်းမှုတွေကို ရသွားစေနိုင်ပါတယ်။ ပရိသတ်ကြီးကိုယ်တိုင်လဲ သူတစ်ပါးကို ထိုင်စရာနေရာ ပေးတက်လေ့ရှိကြမှာပါ။

https://s9.kh1.co/__image/w=600,h=338,q=100/dc/dcd4fa9c03cd5633ccdcbe0d9008fb62d99e7357.jpg
https://s9.kh1.co/__image/w=600,h=450,q=100/77/773b6f4a9e722a3261a5898715c1395b66bb7eef.jpg

ဒီလိုမျိုးပဲ အမေရိကန်နိုင်ငံ နယူးယောခ့်မြို့ပေါ်မှာ မောင်းနှင်နေတဲ့ ရထားတစ်စင်းပေါ်ကို ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးတက်လာခဲ့ပါတယ်။ အာ့အချိန်မှာပဲ အနားမှာရှိတဲ့ အမျိုးသားတစ်ဦးဟာလဲ ချက်ချင်း သူမအတွက် သူ့‌နေရာကုိဖယ်ပေးခဲ့လိုက်ပါတယ် ။ လအနည်းငယ်ကြာတဲ့အခါမှာတော့ သူမဟာ ထိုအမျိုးသားကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ အထိမ်းအမှတ်ရုပ်တုလေးတစ်ခုကို လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=313,q=100/8e/8e28a3fa3b0ec890fbcb4d73cd20cd02c1707d50.jpg

ဒီလို အထိမ်းအမှတ် လက်ဆောင်လေးကိုရသွားတဲ့ အမျိုးသားကတော့ အခုလို ကျေးဇူးတုံ့ပြန်တာကို ခံရတဲ့အတွက် အတိုင်းမသိ ဝမ်းသာခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူက ဒီလိုဆုတွေရဖို့အတွက် တမင်လုပ်လိုက်တာမဟုတ်ပဲ လူသားတစ်ဦးအနေနဲ့ လူသားဆန်ဆန် တစ်ဖက်သားအပေါ် ကူညီရိုင်းပင်းလိုက်တာပါလို့လည်း ထပ်မံပြောကြားခဲ့ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ်ပြုခဲ့တဲ့ ကောင်းကျိုးတွေကြောင့် စေတနာရောင်ပြန်ဟပ်တယ်ဆိုတာ ဒါမျိုးနေမှာပါ ပရိသတ်ကြီးရေ....။

https://s9.kh1.co/__image/w=600,h=574,q=100/ff/ffca4f6f54755113268f0270b332d245830c6731.jpg

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T