ဆောင်းတွင်းပိုင်းဝင်လာပြီး နည်းနည်းအေးလာတာနဲ့ အမျှ လူတစ်ချို့က နှုတ်လမ်းကွဲတဲ့ ဝေဒနာကို ခံစားရတတ်ပါတယ်။ဒီလိုနှုတ်ခမ်းကွဲတာကတော့ အရမ်းအေးတဲ့အခါမှာလည်း ဖြစ်နိုင်သလို ဗီတာမင် ဓာတ်ချို့တဲ့ တဲ့အခါမှာလည်း ဖြစ်တတ်ပါတယ်။နှုတ်ခမ်းကွဲပြီဆိုရင်တော့ နှတ်ခမ်းထောင့်စွန်းနှစ်ခုဟာ ဘရိတ်ဒါးနဲ့ လှီးထားသလို ကွဲနေတတ်ပြီး စပ်တာလေးတစ်ခုခုစားမိလိုက်ပီဆိုရင်တော့ တော်တော်လေး ခံစားရပါတယ်။

ဒါ့ကြောင့် ပရိသတ်တွေကို နှုတ်ခမ်းကွဲတဲ့ ဝေဒနာကို သက်သာပြောက်ကင်းစေတဲ့ သဘာ၀ နည်းလမ်းလေးတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ ဒီနည်းလမ်းလေးကတော့ ပျားရည်နဲ့ ဂလစ်ဆရင်း (အလှဆီ) တို့ကိုရောဂါ အိပ်ရာဝင်ခါနီးတိုင်း နှုတ်ခမ်းကို လိမ်းပေးရမှာပဲ ဖြစ်ပါတယ်။

နောက်တစ်နည်းအနေနဲ့ကတော့ ထမင်းရည်ကို ပုံမှန်လေးသောက်ပေးရင်လည်း နှုတ်ခမ်းကွဲတာကို သက်သာစေပါတယ်။ ဒါပေမယ့် ထမင်းကို ငှဲ့ချက်တဲ့အိမ်က တော်တော်လေးကို ရှားသွားပြီဖြစ်တာကြောင့် ဒီနည်းလမ်းလေးကတော့ နည်းနည်းအခက်တွေ့ကောင်း တွေ့နိုင်ပါတယ်။ နှုတ်ခမ်းကွဲတာကိုပြောက်စေတဲ့ဆေးတွေကို ဆေးဆိုင်တွေမှာ ဝယ်လို့ရတယ်ဆိုပေမယ့်လည်း အချိန်ကုန်သက်သာပြီး သဘာဝနည်းလမ်းလေးနဲ့ ကုသချင်တဲ့သူအချို့အတွက် ဒီသတင်းလေးကို ဖော်ပြပေးလိုက်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။