Staffordshire မှာနေထိုင်တဲ့ အသက် 47 နှစ် Paula Thompson ဟာ ကြေကွဲစရာကောင်းလှတဲ့ ပုံလေးတစ်ပုံကို လူမှုကွန်ယက်ပေါ်တင်ခဲ့ပါတယ်။Paula တင်ခဲ့တာကတော့ သူ့ရဲ့သမီးလေး Beccy Smith နဲ့အတူ နောက်ဆုံးရှိနေခဲ့တဲ့ ပုံလေးပဲဖြစ်ပါတယ်။အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သမီးလေး Beccy ဟာ ပန်းနာရင်ကျပ်ရောဂါနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ 9 ရက်နေ့ထဲက ဆေးရုံတက်နေရတာဖြစ်ပြီး သူမရဲ့ဘဝရှင်သန်ဖို့အတွက် ရက်အနည်းငယ်လောက် ဆေးရုံမှာ ကြိုးစားနေခဲ့ရပါတယ်။

ဒါပေမယ့် လေးရက်လောက်အကြာ စစ်ဆေးချက်ထွက်လာတဲ့အခါမှာတော့ ဆရာဝန်တွေရဲ့ပြောကြားချက်ဟာ အမေဖြစ်သူ Thompson အတွက် ရှော့ရသွားစေခဲ့ပါတယ်။ဘာ့ကြောင့်လဲဆိုရင် ဆရာဝန်တွေပြောခဲ့တာက သမီးလေး Beccy ရဲ့ဦးနှောက်ဟာ သေသွားခဲ့ပြီဖြစ်ပြီး ပြန်နိုးထလာနိုင်မှာ မဟုတ်တော့ဘူး ဆိုတာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ အသက်ဆက်ရှင်သန်ခွင့်တောင် မရတော့ပဲ အသက်သေဆုံးသွားခဲ့ရပါတယ်။

သမီးလေးသေဆုံးပြီးတဲ့နောက် အမေဖြစ်သူ Paula ဟာ “သူမငါ့ဘဝထဲရောက်လာခဲ့တုန်းက ငါအရမ်းဂုဏ်ယူခဲ့ရတယ် အခုကလည်း သူမငါ့ခနားကနေ ခနတာထွက်သွားတယ်လို့ပဲ ငါတွေးပါတယ် ၊ တစ်နေ့မှာ သူမငါ့ဆီကို ပြန်လာမှာပါ ၊ သူမငါ့ကိုနောက်ဆုံး ပြောခဲ့တာက အမေ သမီးသေတော့မယ်တယ်၊ ဒီစကားကို ငါတစ်သက်လုံးမေ့တော့မှာမဟုတ်ပါဘူး ၊ နောက်ပီး အခြားသူတွေကို ငါပြောချင်တယ် ပန်းနာရင်ကြပ်ရောဂါလေးပဲဆိုပြီး မပေါ့ဆကြပါနဲ့ ဒီကနေဆိုးရွားတဲ့ အခြေအနေတွေ ရောက်ရှိလာနိုင်တဲ့အတွက် သတိထားသင့်ပါတယ် “လို့ပြောခဲ့ပါတယ်။

Paula အနေနဲ့လည်း ဘာမှမဖြစ်သလို စကားတွေအများကြီး ပြောခဲ့ပေမယ့် သူ့ရဲ့ရင်ထဲမှာတော့ အချစ်ဆုံးသမီးလေး ဘဝသေသွားတဲ့အဖြစ်ကို တွေးပြီး တနုတ်နုတ်နဲ့ ခံစားနေရမှာ အမှန်ပါပဲ။ သမီးလေးရဲ့ပါးလေးကို ကိုင်ပြီး ဘေးမှာလှဲလျှောင်းနေတဲ့ ပုံလေးကိုမြင်ရတာနဲ့တင် Paul ရဲ့ရင်ထဲက ပူဆွေးသောကတွေကို ခံစားမိနေပါတယ်။ပရိသတ်တွေလည်း သမီးလေး Beccy လိုအဖြစ်ဆိုးမျိုးမကြုံရအောင် ပန်းနာရင်ကြပ်ရောဂါလေးပဲဆိုပြီး မပေါ့ဆပဲ သေချာကုသကြဖို့ တိုက်တွန်းလိုက်ပါရစေ………………………………..



သတင်းအရင်းမြစ်: Daily Mail
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။