ဆယ်ကျော်သက်တွဟာ တီထွင်မှုမြင့်မားသလို အလွန်ပျော်ပါးတတ်တယ်ဆိုတာလဲသိကြမှာပါ။ သူတို့ကြောင့်ပေါ်ပေါက်ခဲ့တဲ့ ကစားနည်းမျိုးစုံရှိခဲ့ပြီး ယခုတစ်ခါမှာဆိုရင်တော့ ပေါက်ပေါက်ရှာရှာ ကွန်ဒုံးကို အသုံးပြုပြီးဆော့ရတဲ့ ကစားနည်းအသစ်တစ်မျိုးထွက်ပေါ်ခဲ့ပါတယ်။

စာဖတ်ပရိသတ်ကြီးသိတဲ့ အတိုင်း ကွန်ဒုံးဟာဆိုရင် သာမန် ဘူဖောင်း ထက်ရူံ့နိုင်အားပိုကောင်းပါတယ်။ အဲ့ဒါကြောင့်လဲ ဘူဖောင်းအစား ကွန်ဒုံးကို အသုံးပြုကြတာဖြစ်ပါတယ်။ ဒီကစားနည်းဟာ ၂၀၀၆ ခုနှစ်လောက်ထဲက ပေါ်ခဲ့သော်လည်း ၂၀၁၂ လောက်မှ လူသိများခဲ့တာဖြစ်ပါတယ်။

ဘယ်လိုဆော့လဲ ဆိုရင်တော့ နီးရာဆိုင်ကနေ ကွန်ဒုံးတစ်ခုသွားဝယ်ပါ။ ပြီးရင်အဲ့ဒီကွန်ဒုံးထဲကို ရေဖြည့်ပါ။ ပြည့်ခါနီးလောက်အထိဖြည့်ပြီးသွားရင်တော့ သင့်သူငယ်ချင်း ခေါင်းပေါ်ချိန်ပြီးပစ်ချလိုက်ပါ။ ကွန်ဒုံးက သင့်သူငယ်ချင်းခေါင်းကို ရေတွေအပြည့်နဲ့ စွပ်သွားပါလိမ့်မယ်။ အဲ့ဒီအခါ မှာ သင့်သူငယ်ချင်းရဲ့ မျက်ခွက်ဟာဆိုရင် သေလောက်အောင်ရယ်စရာကောင်းပါလိမ့်မယ်။

သတိပြုရမှာကတော့ တကယ်စွပ်သွားခဲ့ရင် အတိုင်းအတာ တစ်ခုထိသာ ခေါင်းပေါ်မှာ ဆက်ထားဖို့ပါပဲ မဟုတ်ရင် အသက်ရှုကြပ်တတ်လို့ပါ။ စွပ်သွားတယ်ဆိုရင် တစ်ခုခုနဲ့ ဖောက်လိုက်တော့ပေါ့နော်။ အကယ်၍ ဒီကစားနည်းကို ဆော့ခဲ့ရင်လဲ ရေချိုးခန်းထဲမှာဆော့စေချင်ပါတယ်။ ရေတွေပေါက်သွားရင်သိမ်းရမှာ များမှာဆိုးလို့ပါ။ ကွန်ဒုံးဆိုတဲ့ အတွက် ဘုန်းနိမ့်မှာ ဆိုးတဲ့ သူတွေကတော့ မဆော့နဲ့ပေါ့နော်။

Facebook မှာ cele ဖြစ်ချင်ရင်တော့ slomo camera နဲ့ ရိုက်ပြီး ဆော့တာကို တင်လိုက်ရုံနဲ့ သေချာပေါက်ဖြစ်မှာပါ။Cele ဖြစ်ပြီးသားလူတွေလဲ ဆော့တော့ ပိုပရိသတ်တိုးတာပေါ့နော်။

သူများတွေ ကွန်ဒုံး ချဲလန့်လုပ်တာကို ကြည့်ချင်ရင်တော့ Youtube ဒါမှမဟုတ် Google မှာပဲဖြစ်ဖြစ် Condom Challenge လို့ရိုက်ပြီးရှာနိုင်ပါတယ်။ Video တွေကတော့ ကြည့်ပြီး အသေခွီရမှာပါ။

translated by Anna

Source: theguardian

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။