ချစ်စရာကောင်းတဲ့ ရုပ်ရည်လေးရယ် တမူထူးခြားတဲ့ အသံလေးရယ်ကြောင့် ပရိသတ်အချစ်တော် ခေးလေးဖြစ်နေရသူကတော့ မင်းသမီး ခင်ဝင့်ဝါပဲဖြစ်ပါတယ်။ မင်းသမီးတစ်ယောက်သာမက မြန်မာနိုင်ငံရဲ့ Miss တစ်ဦးလည်းဖြစ်တဲ့သူမဟာ အမျိုးသားပရိသတ်တွေကြား အထူးတလည် ရေပန်းစားလှပါတယ်။

ဒါ့ကြောင့် ခေးရဲ့ ပရိသတ်ကြီးအတွက် ခေးရဲ့ စိတ်ကူးထဲက မင်္ဂလာဆောင်ပုံစံလေးကို သိရအောင် ဖော်ပြပေးလိုက်ပါတယ်နော်.....

"စိတ်ကူးထားတဲ့ ဝတ်စုံနဲ့ ထပ်တူကျမှုရှိလားဆိုတော့ မင်္ဂလာဆောင်ဖို့ ထွေထွေထူးထူးစိတ်ကူးထားတာတော့ မရှိဘူးပေါ့နော်။ ဒါပေမဲ့ အခုဝတ်ထားတဲ့ ဝတ်စုံကတော့ ကိုယ်နဲ့လိုက်ဖက်တယ်လို့ ခံစားရတယ်။ ကြိုက်လည်းကြိုက်တယ်။ မင်္ဂလာဆောင်ဆိုတာ မိန်းကလေးတွေအတွက် တစ်သက်မှာတစ်ခါပဲဆိုတော့ အဲ့တစ်ခါမှာ romantic ဖြစ်တဲ့ ဝတ်စုံလေးရယ် ကိုယ်ကြပ်လေးရယ် ဂါဝန်ကားကားလေးရယ် စုံနေအောင်တော့ ဝတ်ချင်တာပေါ့။ 

ညီမက ခမ်းခမ်းနားနားကြီးကြီးကျယ်ကျယ် ဆောင်တာမျိုးထက် ပေါ့ပေါ့ပါးပါးနဲ့ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ်လေး ဥပမာ beach မှာဆောင်တာမျိုးပေါ့။ စိတ်ကူးထားတာကတော့ ပကာသနမပါတဲ့ မင်္ဂလာဆောင်လေးတစ်ခုလုပ်ကြည့်ချင်မိတယ်" လို့ သူမက Moda Fashion Magazine သို့ဆိုပါတယ် ပရိသတ်ကြီးရေ.....

Source: MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။