မြန်မာ့အနုပညာလောကရဲ့ ဒိတ်ဒိတ်ကြဲကြဲမင်းသားတစ်လက်ဖြစ်ခဲ့သလို ကလေး လူကြီး လူငယ် မကျန် အရွယ်သုံးမျိုးပရိသတ်အားလုံး အားပေးရသူကတော့ အကယ်ဒမီ ဒွေးပါ။ နာမည်ကြီး မင်းသားကြီး ဦးကျော်ဟိန်းရဲ့ တူအရင်းတစ်ဦးဖြစ်တာမို့ အနုပညာသွေး အပြည့်ပါတဲ့ ဒွေးဟာ အနုပညာအလုပ်တွေကို သူ့ဘဝနောက်ဆုံးအချိန်ထိ လုပ်ကိုင်ခဲ့တာ ပရိသတ်ကြီးအသိပါ။

မနေ့က လှည်းတန်းစင်တာမှာ ဒွေးရဲ့ ဆယ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ဒွေးရှိစဉ်အခါက သုံးစွဲခဲ့တဲ့ အသုံးအဆောင်အချို့နဲ့ ပန်းချီကားချပ်အချို့ကို ဒွေးရဲ့ ဇနီး မမိုးနဲ့ ဗိုက်တာကတ်(ပ်) တို့က ပူးပေါင်းပြီး ချစ်ရတဲ့ ပရိသတ်တွေဆီကို စျေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့ပါတယ်။ ထိုပွဲက ရရှိလာတဲ့ ငွေတွေအားလုံးကိုတော့ ဒွေးအတွက် ကောင်းမှုပြုဖို့ အားလုံးကိုလှူဒါန်းမယ်လို့ မမိုးက အင်တာဗျူးတစ်ခုမှာဆိုထားပါတယ်။ 

ထိုပွဲသို့ ဒွေးကို ယနေ့တိုင်မေ့မရသေးတဲ့ ပရိသတ်တွေ ယနေ့တိုင် အောက်မေ့သတိရနေဆဲ့ အနုပညာရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီပွဲမှာ အဆိုတေယ်ကော်နီက ဒွေးနဲ့အတူဆိုခဲ့တဲ့ "ဘယ်တော့မှ မမေ့ဘူး" ဆိုတဲ့ သီချင်းကိုဆိုခဲ့ချိန်မှာတော့ မမိုး ဝေဠုကျော် သားညီတို့နဲ့အတူ ပရိသတ်တွေအားလုံး မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရတာကို စိတ်မကောင်းစွာတွေ့မြင်ခဲ့ရပါတယ် ပရိသတ်ကြီးရေ....

Photo Source: Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။