အနုပညာလောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အချစ်တော် ဖက်ရှင်ဘုရင်မတစ်ပါးလည်းဖြစ်သူကတော့ အကယ်ဒမီ အိန္ဒြာကျော်ဇင်ပဲဖြစ်ပါတယ်။ ယခုတလော လူမှုကွန်ယက်ပေါ်မှာ အူဝဲရဲ့ ကြော်ငြာဓာတ်ပုံတွေ အတော်လေးရေပန်းစားနေတာတွေ့ရပါတယ်။

ယခုတစ်ခါလည်း စိန်နန်းတော် စိန်ရွှေရတနာဆိုင်အတွက် ရိုက်ကူးပေးထားတဲ့ ရိုက်ကွင်းမှ ဓာတ်ပုံတွေဟာ ပရိသတ်တွေကြား နာမည်ကြီးရေပန်းစားနေပါတယ်။ ဒီကြော်ငြာကိုတော့ "The Yangon" စားသောက်ဆိုင်မှာပြုလုပ်ခဲ့ပြီး အူဝဲကိုယ်တိုင်သူမရဲ့ Fan page ကနေ Live လွှင့်ခဲ့ပါတယ်။ ကလေးနှစ်ယောက်အမေ မိခင်ဖြစ်သော်ငြား ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်ပြီး ယနေ့တိုင်လှဆဲသူမကို ပရိသတ်တွေကို ချီးကျူးနေကြပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ဓာတ်ပုံတွေ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေတာတွေ့ရပါတယ်။ ရုပ်ရှင်ကားအနေနဲ့တော့ "ကြီးလေးကြီး" ဇာတ်ကားကြီးကို ဦးလူမင်း ကိုခန့် မခိုင်လေးတို့နဲ့အတူ ရိုက်ကူးထားတာတွေ့ရပါတယ် ပရိသတ်ကြီးရေ...

Photo Source: Kamayut Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။