ဒဂုံမြို့သစ်အရှေ့ပိုင်းက တောမီးလောင်ကျွမ်းမှုဖြစ်ပွားတဲ့နေရာမှာ ကိုယ်တိုင်ကိုယ်ကျပါဝင်ပြီး မီးငြိမ်းသတ်ပေးခဲ့တဲ့ ထွန်းကိုကို

//s9.kh1.co/26/260a3b29608901804733d18829fb82ae7b5c8352.jpg
အနုပညာရှင်များ

 ၂၈-ဇန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ အရပ်အမောင်းမြင့်မြင့်နဲ့ တည်ကြည်ခန့်ညားပြီး ကိုရီးယားမင်းသားလေးလို ချောမောနေတဲ့ မော်လ်ဒယ်သရုပ်ဆောင် ထွန်းကိုကို ကိုအားလုံးသိကြမယ်လို့ ထင်မိပါတယ်။ ထွန်းကိုကို က အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကိုရရှိထားပြီး နေရာတစ်နေရာကို ရပ်တည်ထားသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ထွန်းကိုကိုက အနုပညာအလုပ်တွေအပြင် လူမှုရေးအကျိုးပြုပရဟိတအလုပ်တွေကိုလုပ်ကိုင်ပေးနေတာ တွေ့ရပါတယ်။

Photo credit-Yanpaing Tun Ko's Facebook Acc
Photo credit-Yanpaing Tun Ko's Facebook Acc
Photo credit-Yanpaing Tun Ko's Facebook Acc
Photo credit-Yanpaing Tun Ko's Facebook Acc

ထွန်းကိုကိုဟာ မော်လ်ဒယ်မင်းသားတစ်ယောက်ဖြစ်ပေမဲ့ စိတ်သဘောထားပြည့်ဝပြီး လေးစားရတဲ့ အပြုအမူလေးတွေကြောင့်လည်း ပရိသတ်တွေအပြင် အနုပညာမောင်နုမတွေကပါ ချစ်ခင်သဘောကျနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထွန်းကိုကိုက အရံမီးသတ်တပ်ဖွဲ့မှာလည်း ပါဝင်ထားတာ တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ ထွန်းကိုကို က ပရိသတ်တွေ ချစ်အားပိုမယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo credit-Yanpaing Tun Ko's Facebook Acc
Photo credit-Yanpaing Tun Ko's Facebook Acc
Photo credit-Yanpaing Tun Ko's Facebook Acc
Photo credit-Yanpaing Tun Ko's Facebook Acc

ဒီပုံလေးတွေကတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ၊ဒဂုံမြို့သစ်အရှေ့ပိုင်းက မြက်ခြောက်ကနေ အပူလွန်ပြီး တောမီးလောင်မှုဖြစ်ပွားတဲ့ နေရာကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပါဝင်ပြီး မီးငြိမ်းသတ်ခဲ့တဲ့ မှတ်တမ်းတင်ပုံလေးတွေပဲ ဖြစ်ပါတယ်။ ထွန်းကိုကိုဟာ မီးလောင်မှုဖြစ်ပွားတဲ့ နေရာတိုင်းမှာ ယခုလိုသွားရောက်ငြိမ်းသတ်ပြီး လုပ်ကိုင်ပေးတာ တွေ့ရပါတယ်။ ပရိသတ်တွေလည်း မင်းသားချောလေး ထွန်းကိုကိုရဲ့ မွန်မြတ်တဲ့စိတ်ထားလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

Photo credit-Yanpaing Tun Ko's Facebook Acc
Photo credit-Yanpaing Tun Ko's Facebook Acc
Photo credit-Yanpaing Tun Ko's Facebook Acc
Photo credit-Yanpaing Tun Ko's Facebook Acc

သတင်း အရင်းအမြစ်Source - Yanpaing Tun Ko's Facebook Acc

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T