ဒီပွဲလေးကတော့ ပုံမှန်ရှိုးလျှောက်တဲ့ ပွဲတွေထက်ကိုပိုလန်းပါတယ်

ပရိသတ်တွေတော့ အံ့အားသင့်သွားမှာအမှန်ပါပဲ

ပြင်​သစ်​နိုင်​ငံ ကိန်​းရုပ်​ရှင်​ပွဲ​တော်​မှာ နှစ်​စဉ်​ Makeup Partner အဖြစ်​ပါဝင်​ခဲ့တာ နှစ်​၂ဝရှိပြီဖြစ်​တဲ့ L'Oreal Paris က အဆိုပါပွဲကို Inspire ယူကျင်​းပခြင်​းဖြစ်​တဲ့ L'Oreal Paris Red Carpet Event ကို မြန်​မာနိုင်​ငံမှာ ဇူလိုင်​လ ၂၂ရက်​က ရန်​ကုန်​မြို့ နိုဗိုတယ်​ဟိုတယ်​မှာကျင်​းပခဲ့ပါတယ်​။

အဆိုပါပွဲမှာ L'Oreal Paris ရဲ့​နောက်​ဆုံးထွက်​ Rouge Magique ဆိုးထားပြီး ဒီဇိုင်​နာများရဲ့ဝတ်​စုံ​တွေနဲ့လှပ​နေတဲ့ ​မော်​ဒယ်​များနဲ့အတူ ကျင်​းပခဲ့ပါတယ်​။L'Oreal Paris Red Carpet Event ကို နိုင်​ငံ​ကျော်​အနုပညာရှင်​များ၊Model များ ၊ ဒီဇိုင်​နာများ ၊ မိတ်​ကပ်​ပညာရှင်​များ တက်​​ရောက်​ခဲ့ပါတယ်​။

အနုပညာရှင်တွေကို တစုတစည်းထဲမြင်ရတဲ့ပွဲဖြစ်ပြီး ရွှေမှုန်ရတီ ခင်လေးနွယ် ချစ်စနိုးဦး ပတ်ထရစ်ရှာ သန္တာလှိုင် ဝါဆိုမိုးဦး မေမြတ်နိုး နေခြည်ဦးတို့အပြင် အနုပညာရှင်မြောက်များစွာက သူမတူတဲ့ ဖက်ရှင်ကိုယ်စီနဲ့ တက်ရောက်လာကြတာပါ

နိုင်ငံတကာက ကော်ဇောနီပွဲတွေမှာလိုပဲ မြန်မာအနုပညာရှင်တွေရဲ့ တမူထူးခြားဆန်းသစ်တဲ့ ဖက်ရှင်အပြင်အဆင်တွေကို အခုလိုတွေ့မြင်ရပါတယ် 

သတင်းအရင်းမြစ် wecom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။