ပလတ်စတစ်ဆာဂျရီ မလုပ်ပဲ ဘာဘီအရုပ်မလေးလို့ လှပတဲ့ ရုရှားမော်ဒယ် Angelica Kenova

//s9.kh1.co/c5/c528ee51460b055f66d4f42b07cd7147d0e92b4a.jpg
ဗဟုသုတအဖြာဖြာ

 ၂၈-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ခုဖော်ပြမယ့်သူလေးကတော့မွေးလာကတည်းက အရုပ်‌မလေးလို လှပနေသူဖြစ်ပါတယ်။ သူမဟာ ရုရှားမော်ဒယ် Angelica Kenova ဟာ ပလတ်စတစ်ဆာဂျရီလုံးဝမလုပ်ပဲ သဘာဝအတိုင်းလေး ဘာဘီရုပ်လိုလှပသူပါ။ အဲ့ဒီအလှကြောင့်သူမဘယ်လိုနေထိုင်ရတယ်၊ သူမမိဘတွေက ဘယ်လိုဆက်ဆံသလဲဆိုတာ သင်မြင်ရင် အံြသသွားမှာပါ။ ငယ်ငယ်လေးကတည်းက သူမရဲ့မိဘတွေဟာ သူမကို မင်းသမီးလေးတစ်ပါးလို ပြုစုပျိုး​ထောင်​ခဲ့ပါတယ်။

https://s9.kh1.co/__image/w=413,h=600,q=100/27/27dd09aa0dff923bee12fb14916896b93a396c50.png

သူမကိုကြည့်ရင် အသက်ရှင်နေတဲ့ ဘာဘီအရုပ်တစ်ရုပ်လိုပါပဲ။ သူမရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာမရှိပဲ အိမ်ထဲကအိမ်ပြင်ထွက်ဖို့တောင်မှ ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။ သူမရဲ့အဝတ်အစားတွေကို သူမရဲ့အမေကသာအမြဲဝယ်ပေးပြီး သူမဟာ ယခု အသက်၂၆နှစ်အရွယ်ထိ ရည်းစားမထားဖူးသလို အပြင်မှာလဲ Dateမလုပ်ဖူးဘူးဟုဆိုပါတယ်။

https://s9.kh1.co/__image/w=400,h=600,q=100/b5/b51a4546199fd13085a9826be9bf856fb43b6ee7.png
https://s9.kh1.co/__image/w=416,h=600,q=100/3b/3bfa4f7e0280f44a283bd88a231bf92bba93195e.png

သူမရဲ့အမေက သူမ Date လုပ်ရင်တောင်မှ တူတူပါလာတတ်လို့ပါ။ ဒီလို အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်​အလှကိုရဖို့ သူမရဲ့အမေက ဘယ်အချိန်ကစား ဘာစားဆိုပြီး ထိန်းချုပ်ကန့်သတ်ပေးနေတာဖြစ်ပါတယ်။ " မိန်းကလေးတွေရဲ့ အသည်းစွဲ အလှဆုံးလို့ပြောတဲ့ ဘာဘီရုပ်ကလေးလို ဖြစ်နေတာကို ကျွန်မသဘောကျပါတယ်။ တကယ်တော့ ကျွန်မဟာ အသက်ရှင်နေရတဲ့ အရုပ်တစ်ရုပ်ပါ " လို့ သူမက ရင်ဖွင့်ပြောဆိုခဲ့ပါတယ်။

https://s9.kh1.co/__image/w=353,h=600,q=100/37/37e33f40e9d8f70db5fadbe6e0040cdc68f04396.png

သတင်း အရင်းအမြစ်Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T