ပြီးခဲ့တဲ့ ဇန်နဝါရီလ 24 ရက်နေ့က Brazil နိုင်ငံ Ponta Pora နေအိမ်တစ်ခုမှာ ရဲတပ်ဖွဲ့ဝင်တွေဟာ Antonio နဲ့ Eliane တို့ဇနီးမောင်နှံနှစ်ယောက်ကို သေဆုံးလျက်တွေ့ရှိခဲ့ကြပါတယ်။ သူတို့သေဆုံးနေရတဲ့အကြောင်းရင်းကတော့ Antonio နဲ့ Eliane တို့ဟာ အွန်လိုင်းမှာ Eliane တင်ထားတဲ့ post တစ်ခုကြောင့် စကားများခဲ့ကြပါတယ်။

Local Media တစ်ခုရဲ့ ပြောကြားချက်အရတော့ သူတို့နှစ်ယောက်ဟာ Eliane ရဲ့ tiktok ဗီဒီယိုတစ်ခုနဲ့ ပတ်သတ်ပြီးတော့လည်း စကားများခဲ့ကြပြီး သူတို့ရဲ့သမီးလေး ရှေ့မှာပဲ ခင်ပွန်းဖြစ်သူ Antonio က စိတ်မထိန်းနိုင်ပဲ ကို မိန်းမဖြစ်သူ Eliane သတ်မိခဲ့တာပဲဖြစ်ပါတယ်။Eliane ရဲ့အလောင်းမှာတော့ သေနတ်ဒဏ်ရာ ၁၄ နေရာကိုတွေ့ခဲ့ရပြီး လက်တွေက ကျိုးနေခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ Antonio ရဲ့ ခန္ဓာကိုယ်မှာတော့ ခေါင်းကိုပစ်ထားတဲ့ သေနတ်ဒဏ်ရာတစ်ခုထဲကိုသာတွေ့ရပါတယ်။


ဒါ့ကြောင့် ရဲတပ်ဖွဲ့ဝင်တွေကတော့ Antonio ဟာ Eliane ကိုပစ်သတ်ပြီးနောက်မှာ ကိုယ့်ကိုကိုယ်သတ်သေခဲ့တာဖြစ်နိုင်တယ်လို့ ကောက်ချက်ချထားကြတာပါ၊သူတို့နှစ်ဦးရဲ့ သမီးလေးကတော့ ဒီဖြစ်ရပ်ကို မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရတဲ့အတွက် ရှော့ရသွားခဲ့ပြီး လက်ရှိမှာ ဆွေမျိုးတွေက ခေါ်ယူစောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။


သတင်းအရင်းမြစ်: Daily Mail
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။