ဂျင်းဟာ အစွမ်းထွက်တဲ့ သဘာ၀ ဆေးဖက်ဝင်ပစ္စည်းတစ်ခုဖြစ်သလို အမျိုးသမီးတွေအတွက်ဆိုရင်လည်း ဂျင်းဟာ အရမ်းအသုံးဝင်လှပါတယ်။အခုလို ကိုဗစ်ကာလမှာဆိုရင်လည်း လူတော်တော်များများဟာ ဂျင်းပြုတ်ရည်ကို နေ့စဉ်သောက်သုံးနေကြပြီး မိသားစုဆေးတစ်ခွက်အနေနဲ့ မှီဝဲနေကြပါတယ်။ ဒါပေမယ့်ဘယ်လောက်ပဲ ဆေးစွမ်းထက်ပြီး လူနဲ့တည်တဲ့ပစ္စည်းဖြစ်နေပါစေ သောက်သုံးပေးသင့်အခြေအနေမှာ မရှိရင် မသောက်သင့်ပါဘူး။

photo credit- pngtree

ဒါ့ကြောင့် ပရိသတ်တွေကို ဘယ်အခြေအနေမှာ ဂျင်းပြုတ်ရည်ကို မသောက်သုံးသင့်ဘူးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ဂျင်းပြုတ်ရည်ကို မသောက်သင့်တဲ့သူတွေကတော့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အရမ်းပိန်လွန်းသူတွေ မသောက်သင့်ပါဘူး။ နောက်ပီး သွေးနဲ့ပတ်သတ်တဲ့ ဝေဒနာတွေ ခံစားနေရသူ (ဥပမာ သွေးကျဲသူ ၊ သွေးထက်များသူ) တွေလည်း မသောက်သင့်ပါဘူး။

photo credit- pngtree

နောက်ထပ်အနေနဲ့ ဝေဒနာတစ်ခုကို ကြာရှည်စွာခံစားနေရသူတွေ ၊ ဆီးချိုရောဂါ ခံစားနေရသူတွေ လည်း မသောက်သင့်ပါဘူး။ ဒါပေမယ့် ဂျင်းအာနိသင်အနည်းငယ်ပါဝင်တဲ့ ဆေးဝါးတွေ ဟင်းတွေကိုတော့ မှီဝဲလို့ရပါတယ်။

photo credit- pngtree

သတင်းအရင်းမြစ်: Healthline

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။