ဖားကန့်ကျောက်စိမ်းတုံးကြီးသည် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကျောက်စိမ်းအရိုင်းတုံး ဖြစ်လာဖွယ်ရှိ

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် မကြာသေးမီက တူူဖော်တွေ့ရှိခဲ့သော ကျောက်စိမ်းတုံးကြီးသည် ကျောက်စိမ်းအရိုင်းတုံး တစ်တုံးအနေဖြင့် ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်ဆုံး ဖြစ်လာဖွယ်ရှိကြောင်း သိရသည်။ ကျောက်စိမ်းတုံးကြီးသည် အလျား ၁၈ ပေ အကျယ် ၁၈ ပေ အမြင့် ၉ ပေရှိပြီး ကာလပေါက်စျေး ဒေါ်လာ သန်း ၁၇၀ မျှ ရှိမည်ဟု ခန့်မှန်းရသည်။ အဆိုပါကျောက်စိမ်းတုံးကြီးကို သန့်စင်ပြီးပါက အရောင် အရည်အသွေး ကောင်းမွန်သည့် အမျိုးအစားအဖြစ် ပေါ်ထွက်လာမည်ဟု သိရသည်။

လတ်တလောတွင် ပြည်တွင်း၌ ကျောက်စိမ်းတုံးကြီး၏ တန်ဖိုးကို တွက်ချက်နေဆဲဖြစ်သော်လည်း ဗြိတိန်မီဒီယာတစ်ခုဖြစ်သည့် Daily Mail က ဒေါ်လာသန်း ၁၇၀ ကျော်မျှရှိမည်ဟု တန်ဖိုးဖြတ်ဖော်ပြခဲ့သည်။ ဖားကန့်လွှတ်တော်အမတ် ဦးတင်စိုးက" ကျွန်တော်တို့ အစိုးရ ကျွန်တော်တို့ပါတီဦးဆောင်နေတဲ့ အစိုးရလက်ထက်မှာ ဒီကျောက်စိမ်းတုံးကြီးပေါ်လာတာ လက်ဆောင်မွန်တစ်ခုလိုပါပဲ။ ကျွန်တော်တို့အတွက် အရမ်းကောင်းမွန်တဲ့ နိမိတ်တစ်ခုလို့ ယူဆနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် အဆိုပါကျောက်စိမ်းအရိုင်းတုံးကြီးကို သွေးရန်တရုတ်နိုင်ငံသို့ ပို့ဆောင်ဖွယ်ရှိသည်။ တရုတ်ကျောက်စိမ်းကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် ဖရန့်ရှောင်က "တကယ်ကိုလှပတဲ့ တွေ့ရှိမှုပါပဲ။ ဒီကျောက်စိမ်းတုံးကြီးကို သွေးပေးဖို့အပြိုင်အဆိုင်ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် တရုတ်ကိုပဲ ရောက်လာမယ်ထင်ပါတယ်" ဟုပြောကြားခဲ့သည်။ ယခုအချိန်၌ ကမ႓ာ့စျေးကွက်တွင် မြန်မာ့ကျောက်စိမ်းသည် လူကြိုက်အများဆုံး စာရင်း၌ ရပ်တည်လျက်ရှိသည်။

Source: Daily Mail

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။