ဆွဲဆောင်မှုရှိတဲ့ အကြည့်စူးစူးလေးတွေနဲ့ ဖမ်းစားထားပြီး အိန္ဒိယမလေးလို့တောင် ထင်မှားရလောက်အောင် လှပချောမောနေတဲ့ မမဆောင်း

//s9.kh1.co/98/98362ebb052aaaf2afef2e22750d3b9c56fefcdd.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဝါ့ရင်မင်းသမီးကြီး ဆောင်းအိန္ဒြေထွန်း ကတော့ အနုပညာအလုပ်တွေကို ဆယ်စုနီးပါး လုပ်ကိုင်လာခဲ့ပြီး အောင်မြင်လာခဲ့တဲ့ မင်းသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ သူမရဲ့ ရိုးသားပွင့်လင်းတဲ့ စိတ်ထားလေးတွေကြောင့် ပရိသတ်တွေက ချစ်စနိုးနဲ့ မမဆောင်းလို့လည်း ခေါ်နေကြတာ တွေ့ရပါတယ်။ ဒါ့အပြင် မမဆောင်းဟာ ကြော်ငြာတွေနဲ့ photo shooting တွေကို လတ်တလောမှာ မနားတမ်းရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo- Min Mahar Htwe
Photo- Min Mahar Htwe
Photo- Min Mahar Htwe
Photo- Min Mahar Htwe

မမဆောင်းက ပျိုမေလေးတွေအားကျစရာကောင်းတဲ့ လုံးကြီးပေါက်လှ ကိုယ်လုံးလေးအပြင် ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားကို ပိုင်ဆိုင်ထားတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဝတ်စားဆင်ယဥ်မှုမှာလည်း ဆယ်ကျော်သက်လေးတွေ အရှုံးပေးရလောက်အောင် ခေတ်နဲ့အညီ ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ ယခုမှာဆိုရင်လည်း မြင်သူတိုင်း သဘောကျချစ်ခင်ရလောက်မယ့် ပုံလေးတွေကို မမဆောင်းက တင်ပေးလာခဲ့ပါတယ်။

Photo- Min Mahar Htwe
Photo- Min Mahar Htwe
Photo- Min Mahar Htwe
Photo- Min Mahar Htwe

ဒီပုံလေးတွေထဲမှာတော့ မမဆောင်းက အိန္ဒိယရိုးရာဝတ်စုံလေးကို ဝတ်ဆင်ပြီး ဆွဲဆောင်မှုရှိတဲ့ အိုက်တင်တွေနဲ့ ပို့စ်ပေးဖမ်းစားထားတာဖြစ်ပါတယ်။ ဒါ့အပြင် သူမရဲ့ စူးရှတဲ့ အကြည့်လေးတွေကလည်း တကယ့်အိန္ဒိယမလေးတစ်ယောက်လိုအသက်ဝင်ပြီး ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း မမဆောင်းက "2021 မှာ ပုံအလန်းတွေပဲ ချပြသွားမယ့်မမဆောင်းမျှော်တော်ယောင် ကုလားမင်းသမီးလေး ကို ချစ်ရာ" ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း အိန္ဒိယရိုးရာဝတ်စုံလေးနဲ့ ချစ်စရာကောင်းတဲ့ မမဆောင်းရဲ့ အမိုက်စားပုံလေးတွေကိုသဘောကျမယ်လို့မျှော်လင့်မိပါတယ်။

Photo- Min Mahar Htwe
Photo- Min Mahar Htwe
Photo- Min Mahar Htwe
Photo- Min Mahar Htwe

သတင်း အရင်းအမြစ်Source - Saung Eindaray Tun fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T