ဟိုတလောတုန်းကလည်း လူမှုကွန်ရက်မှာ Train To Busan မင်းသား နဲ့ တူတဲ့ ဖိလစ်ပိုင်ကောင်လေး တစ်ယောက် အကြောင်း ဂယက်ထသွားခဲ့ပါတယ်။

လက်တလောမှာတော့ မြန်မာနိုင်ငံက ကောင်လေး ဇွဲလရောင် ဟာ Train To Busan မင်းသားချော ဂေါင်ယိုး နဲ့ တူတယ်ဆိုပြီး နာမည်ကြီးနေပြန်ပါတယ်။

ပရိသတ်အချို့ကတော့ နည်းနည်းဆင်နေတယ်လို့ ဆိုပေမယ့် အချို့ကတော့ လုံးဝကို မတူဘူးလို့ ပြောနေကြပါတယ်။

ဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ ဂေါင်ယိုးဟာ Coffee ချစ်သူဇာတ်လမ်းတွဲကနေစပြီး လူသိများခဲ့သလို Train To Busan ကတော့ သူ့ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားလို့ ပြောရမှာပါပဲ။

လက်ရှိသူနဲ့တူတယ်ဆိုပြီး နာမည်ကြီးနေတဲ့ ဇွဲလရောင် ဟာ စွမ်းဇာနည်ပြဇာတ်က ဇာတ်မင်းသား တစ်ယောက်ဖြစ်တယ်လို့လည်း ပရိသတ်အချို့က မှတ်ချက်ပေးထားကြပါတယ်။

သတင်းအရင်းမြစ် Myanmar movie

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။