တစ်နေ့တစ်မျိုး ဖက်ရှင်မတူအောင် စမတ်ကျကျလေး ဝတ်ဆင်တတ်တဲ့ အမိုက်စားဗီဒီယိုလေးကို ချပြလာတဲ့ G

//s9.kh1.co/0c/0cbd42069276cdbef0ac3841db9784281b7db3d7.jpg
အနုပညာရှင်များ

 ၂၉-ဇန်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးကြီး ထွန်းအိန္ဒြာဗိုလ်ရဲ့ တူမလေးဖြစ်တဲ့ အဆိုတော်မလေး G ကို အားလုံးသိကြမယ်လို့ထင်မိပါတယ်။ G ဟာ The Voice Myanmar အဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိထားခဲ့သူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ အနုပညာအလုပ်တွေအပြင် လူမှုရေးအကျိုးပြု ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးနေတာတွေ့ရပါတယ်။

Photo Credit- G Vocals fb page
Photo Credit- G Vocals fb page
Photo Credit- G Vocals fb page
Photo Credit- G Vocals fb page

G က လွတ်လွတ်လပ်လပ်နေတတ်တဲ့ သူတစ်ယောက်ဖြစ်ပြီး သူမယုံကြည်ရာလမ်းကို အကောင်းဆုံး လျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမဟာ ပရဟိတအလုပ်တွေ လုပ်ကိုင်ပေးနေတာနဲ့ အလှူလေးတွေပြုလုပ်ပေးတာကိုလည်း ချစ်တဲ့သူတွေကို ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာတော့ G က တစ်ပတ်အတွင်း သူမဝတ်ဆင်တဲ့ ဖက်ရှင်လေးနဲ့ ပတ်သက်ပြီး ရိုက်ကူးထားတဲ့ Vlog လေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit- G Vocals fb page
Photo Credit- G Vocals fb page
Photo Credit- G Vocals fb page
Photo Credit- G Vocals fb page

ဒီဗီဒီယိုလေးထဲမှာတော့ G က တစ်နေ့တစ်မျိုးမတူအောင် ဝတ်ဆင်တဲ့ ဖက်ရှင်ဒီဇိုင်းလေးတွေနဲ့ တစ်ပတ်အတွင်း လုပ်ကိုင်ခဲ့တဲ့ အကြောင်းအရာလေးတွေကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း G က " G ရဲ့ outfits of the week မှာ ဘယ် look လေးကို အကြိုက်ဆုံးလဲ ပြောခဲ့နော်..." ဆိုပြီး ရေးသားထားပါတယ်။ ကဲ... ပရိသတ်တွေလည်း G က ဗီဒီယိုလေးကို သဘောကျရင် အသည်းလေးတွေပေးခဲ့ဖို့ မမေ့ပါနဲ့ နော်...။

သတင်း အရင်းအမြစ်Video Credit & Source - G Vocals fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T