ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင်တော့ ဟောင်ကောင်မြို့အပြင်ဘက်က ရှေးဟောင်းရွာငယ်လေးတစ်ရွာအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ဒီရွာငယ်လေးရဲ့နာမည်ကတော့ So Lo Pun ဖြစ်ပြီး လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကတော့ ( compass is locked) ညွှန်ပြမှု မရှိတဲ့ရွာလို့ နာမည်ပေးထားကြပါတယ်။ဘာ့ကြောင့်လဲဆိုရင် ဒီရွာလေးထဲကိုရောက်တာနဲ့ သံလိုက်အိမ်မြှောင်တွေဟာ ထူးစွန်းစွာနဲ့ အလုပ်မလုပ်ကြတော့တာ ကြောင့်ပဲ ဖြစ်ပါတယ်။


သမိုင်းကြောင်းအနေနဲ့ကတော့ ဒီရွာလေးကို AD 872 ခုလောက်ထဲက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး 1980 ခုနှစ်လောက်မှာ လူတွေ တစ်ယောက်မှမနေတော့ပဲ စွန့်ခွာခဲ့ကြပါတယ်။ဘာ့ကြောင့်လဲဆိုရင် ဟိုးအရင်က ၎င်း So Lo Pun ရွာက ရွာသားတွေဟာ အခြားရွာက မင်္ဂလာဆောင်တစ်ခုကို ကူညီဖို့သွားရာကနေ လှေမှောက်ပြီး အကုန်သေဆုံးခဲ့ကြပါတယ်။ဒါ့ကြောင့် ရွာလုံးကျွတ် အသုဘပွဲ ကျင်းပခဲ့ရသလို တဖြေးဖြေးနဲ့ ခြောက်ခြားစရာကောင်းလှတာကြောင့် 1980 ခုနှစ်လောက်မှာတော့ လူမနေကြတော့ပဲ ခြောက်ကပ်တိတ်ဆိတ်တဲ့ ရွာကလေးဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။


ဟိုအရင်တုန်းကလည်း ၎င်းရွာကို လာရောက်လည်ပတ်တဲ့ ခရီးသွားတစ်ယောက်ဟာ ရေနစ်သေဆုံး ထားတဲ့ လူသေ ဝိညာဉ် နှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရပြီး နှလုံးသွေး ရပ်တန့် သေဆုံး ခဲ့ဖူးတယ်လို့ သိရပါတယ်။ သို့ပေမယ့်လည်း ခြောက်ခြားမှု အရသာ ခံစားလိုတဲ့ ခရီးသွားတွေ ကတော့ အန္ဒရာယ်များပြီး ခြောက်ခြားစရာကောင်းတဲ့ ၎င်းရွာလေးကို သွားရောက် လည်ပါတ်လျက် ရှိနေဆဲပဲ ဖြစ်ပါတယ်။


သတင်းအရင်းမြစ်: wikipedia
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။