လိုတာထပ်ပိုပြီး မျက်လုံးအောက်မှာ ဖောင်းအစ်နေတယ်ဆိုရင်တော့ မျက်ရည်အိတ်တွဲကျတာ ဖြစ်နိုင်ပါတယ်။ မျက်လုံးအောက်က အရေပြားက အရမ်းကို ပါးလွှာနုနယ်လွန်းပါတယ်။ Computer အကြည့်များသူတွေ၊ ဖုန်းအသုံးများတဲ့ သူတွေ နဲ့ မျက်လုံးအားစိုက်လွန်းသူတွေမှာ မျက်လုံးအောက်က အရေပြားရှိ သွေးကြောတွေ ရောင်အမ်းလာပါတယ်။ အဲ့ဒီအချိန်မျိုးမှာ မျက်ရည်အိတ်တွဲကျတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ထို့အပြင် အိပ်ရေးမဝသူတွေ၊ အချိန်အတော်ကြာ ငိုထားသူတွေ နှင့် စိတ်ဖိစီးမှုများသူတွေမှာလဲ မျက်လုံးအောက်ဘက် ပါးလွှာတဲ့ အရေပြားကို သွားရောက် ပိတ်ဆို့တာကြောင့် မျက်ရည်အိတ်ဖောင်းခြင်း၊ တွဲခြင်းမျိုး ဖြစ်နိုင်ပါတယ်။ တစ်ချို့ အသက်ကြီးသူအချို့မှာလည်း အသက်အရွယ်ကြောင့် မျက်ရည်အိတ်တွဲကျခြင်းမျိုး ရှိနိုင်ပါတယ်။ ထို့ကြောင့် မျက်ရည်အိတ်တွဲကျခြင်းကို လွယ်ကူစွာ ကုသနိုင်ရန်အတွက် အိမ်တွင်းကုထုံးနည်းလမ်းလေးများကို ဖော်ပြပေးလိုက်ပါတယ်။ 

(၁) သခွားသီး

သခွားသီးစိမ်းကို ခပ်ပါးပါးလှီးပြီး မျက်လုံးအအေးခံနိုင်သည်အထိ ရေခဲသေတ္တာထဲသို့ ထည့်ပါ။ ထို့နောက် မျက်လုံးပေါ်တင်၍ နာရီဝက်ခန့် အနားယူပါ။ ဒီနည်းလမ်းဖြင့် မျက်လုံးကို ပြန်လည် အားဖြည့်စေတဲ့အပြင် မျက်ရည်အိတ်တွဲကျခြင်းကိုလည်း သက်သာစေပါတယ်။

(၂) နွားနို့

ရေခဲသေတ္တာထဲသို့ ထည့်ထားသော နွားနို့အေးထဲသို့ သန့်ရှင်းသော ဂွမ်းအနည်းငယ်အား နှစ်စိမ်ပြီးနောက် ခပ်ဖွဖွညှစ်ပါ။ ထို့နောက် မျက်လုံးပေါ်သို့ မိနစ် ၂ဝခန့် ဖွဖွလေး ပွတ်ပေးပါ။ နွားနို့က မျက်စေ့ကို အေးမြစေတဲ့ အပြင် မျက်လုံးအောက်ခြေရှိ ကြွက်သားများကို ကျန်းမာစေပါတယ်။ မျက်လုံးအောက်ခြေရှိ သွေးကြောတွေကိုလည်း သွေးလည်ပတ်မှုအားကောင်းစေပါတယ်။ 

(၃) တောကြက်ဥ

တောကြက်ဥဆိုတာ အရွယ်သေးပြီး အခွံရောင် ဖျော့တဲ့ သဘာဝ ကြက်ဥလေးလေးတွေပါ။ တောကြက်ဥအစိမ်းကို ပန်ကန်းလုံးထဲ ထည့်ခေါက်ပြီး မျက်လုံးအောက်ခြေကို လိမ်းပေးပါ။ မိနစ် ၂ဝခန့် ကြာတဲ့အခါ ရိုးရိုးရေအေးဖြင့် မျက်နှာသစ်ပါ။ တောကြက်ဥက တွဲကျနေတဲ့ မျက်ရည်အိတ်တွေကို သက်သာစေတဲ့အပြင် အသားအရေကို တင်းရင်းချောမွေ့စေပါတယ်။

(၄) အေးခဲထားသော လက်ဖက်ခြောက်ထုပ်

လက်ဖက်ခြောက်ထုပ် ၂ထုပ်ကို လက်ဖက်ခြောက်ဖတ်လေး ပွလာသည်အထိ ရေနွေးခွက်ထဲ တစ်မိနစ် (သို့) နှစ်မိနစ်လောက် စိမ်ထားပါ။ ထို့နောက် မျက်စိ အအေးခံနိုင်တဲ့ အနေအထားအထိ ထို အထုပ်လေးတွေကို အေးခဲထားပါ။ ထို့နောက် လဲလျောင်းပြီး ထို အထုပ်များကို မျက်လုံးပေါ်တင်၍ နာရီဝက်ခန့် အနားယူပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မျက်လုံးရောင်ခြင်း၊ မျက်စေ့နာခြင်းတို့အတွက် အလွန် အကျိုးပြုပါတယ်။

(၅) အာလူး

မျက်ခွံအပေါ်နှင့် အောက်သို့ ဖုံးနိုင်တဲ့ အားလူးကြီးကြီးကို ပါးပါးလှီး၍ ရေခဲသေတ္တာထဲသို့ အအေးခံနိုင်တဲ့ အတိုင်းအတာထိ အအေးခံထားပြီးနောက် မိနစ် ၂၀ ခန့် (သို့) အအေးဓါတ်ကုန်သွားသည်အထိ မျက်လုံးပေါ် အုပ်ထားပါ။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် မျက်ရည်အိတ်တွဲကျခြင်းကို သက်သာစေပါတယ်။

(၆) ရေခဲစိမ်ထားသော စတီးဇွန်း

စတီးဇွန်းလေး ၂ချောင်းအား ရေခဲရေစိမ်၍ မျက်လုံးအောက်ကို ကပ်ပေးပါ။ မျက်လုံးအောက်က ဇွန်းများ အအေးဓါတ်လျှော့သွားသောအခါ ဖန်ခွက်ထဲသို့ ထည့်စိမ်ထားသော အခြားဇွန်းများဖြင့် အလဲအလှယ် လုပ်ပြီး ကပ်ပေးပါ။ အအေးဓါတ်ကြောင့် အစ်မို့နေတဲ့ မျက်ရည်အိတ်တွေကို သက်သာစေပါတယ်။ 

(၇) ဗီတာမင်အီး (အဆီ)

သန့်ရှင်းသော ရေခဲရေထဲ အနည်းငယ်ထဲသို့ ဗီတာမင်အီး အဆီ အား ဆတူရော၍ မွှေပါ။ (အလုံးဖြစ်ပါက ဖောက်ထည့်ပါ) ထိုရောမွှေထားသော အရည်များကို ၀ါဂွမ်းဖြင့် စုပ်ယူပြီး မျက်လုံးပေါ် မိနစ် ၂၀ နီးပါး တင်ထားပါ။ ဗီတာမင်အီးသည် အရေပြား သိပ်သည်းစေတဲ့အပြင် ရောင်ရမ်းခြင်းကိုပါ သက်သာစေပါတယ်။

အထက်ပါ အိမ်တွင်းကုထုံးလေးများအား လိုက်နာ ကျင့်သုံးပြီးနောက် မျက်ရည်အိတ်တွဲကျခြင်းမှ ပျောက်ကင်း သက်သာနိုင်ကြပါစေ ….. ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။