အိမ်ကိုပြန်လည်‌တည်ဆောက်ဖို့ ပြုလုပ်ရာမှ အမှတ်မထင် မြေအောက်မြို့တော် တွေရှိခဲ့

//s9.kh1.co/04/04c6635f36511d9a6f3e069baa362dada52bacf8.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးလဲ သိကြတဲ့အတိုင်း ရှေ့ယခင်က အိမ်တွေမှာဆိုရင် လျှို့ဝှက်အခန်းတွေ မြေအောက်တွေကုိ ထွက်ပြေးဖို့နဲ့ ပုန်းခိုဖို့‌ေနရာ‌ေတွမှာ အသုံးပြုလေ့ရှိကြပါတယ်။ ခုဆိုရင်လဲအိမ်ကို ပြန်လည်ပြုပြင်တည်ဆောင်ရင်းနဲ့ မြေအောက်မှာ ရှေးဟောင်းမြို့တော်လို့ထင်ရတဲ့ နေရာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၁၉၆၃ခုနှစ်မှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပြီး Turkey နိုင်ငံ၊ Nevşehir နယ်မှာရှိတဲ့ အမျိုးသားတစ်ဦးဟာ သူ့အိမ်ကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ နံရံကို လှဲလိုက်တဲ့အချိန်မှာ တွေ့ရှိခဲ့တာပါ။

https://s9.kh1.co/__image/w=600,h=408,q=100/8f/8f05c0f49f16a7e8636c6d6efb23f2834a0f4f5f.jpg
https://s9.kh1.co/__image/w=600,h=402,q=100/f5/f579b87f16017954db18bf200e238a400c33860b.jpg

သူဟာ အစပိုင်းမှာတော့ ပုံမှန်ပဲ နံရံတစ်ချပ်ကိုဖြိုချခဲ့ပါတယ်။ အဲ့နောက်မှာ တွင်းပေါက်တစ်ခုကိုတွေ့ရှိခဲ့ပြီး နောက်ပိုင်းမှာတော့ မရေမတွက်နိုင်တဲ့ လမ်းကြောင်းတွေနဲ့ ဂူတွေကို တွေ့ရှိခဲ့ပါတယ်။ သူလဲ အဲ့လိုလမ်းကြောင်းတွေကို တွေ့ရှိတဲ့အချိန်မှာ ခဏတာ ကြောင်နေခဲ့ပါတယ်။ တကယ်တမ်းသူတွေ့ရှိခဲ့တာဟာ Derinkuyu လို့ခေါ်တဲ့ Turkey မှာရှိတဲ့ ရှေးဟောင်းမြို့တော်လို့ ခေါ်တဲ့နေရာပါ။

https://s9.kh1.co/__image/w=600,h=404,q=100/45/45f4510a0ef2749c5b3cc33b558be9f54f259bdf.jpg
https://s9.kh1.co/__image/w=600,h=401,q=100/e4/e44abcd62d7b4ef4b5a672261fc85b2ff2f47a81.jpg

Derinkuyu အကြောင်းကို သမိုင်းမှာ အထောက်အထားတွေနဲ့ တွေ့ရှိခဲ့တာဖြစ်ပြီး ခုလိုလဲအပြင်မှာတွေ့ရှိရတော့ လူတွေမသိသေးတဲ့နေရာ ဒါမှမဟုတ် ရှာမတွေ့သေးတဲ့နေရာတွေ များစွာရှိသေးတာကို သိရှိရမှာဖြစ်ပါတယ်။ လမ်းကြောင်းအနေအထားတွေ ကြည့်ရတဲ့ပုံအရ ရှေးတုန်းက သဘာဝဘေးအန္တရာယ်ဖြစ်တဲ့အခါ လူတွေ ဝင်ရောက်နေထိုင်ဖို့ နေရာဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ပရိသတ်ကြီးလဲ ပျောက်ကွယ်နေတဲ့ မြေအောက်မြို့တော်တွေအကြောင်းကို သိရှိမယ်ထင်ပါတယ်။

https://s9.kh1.co/__image/w=600,h=450,q=100/31/319a339dbfc7105f2dd9eb87936ada6684e5eafe.jpg

သတင်း အရင်းအမြစ်Ancient City

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T