ကမ္ဘာပေါ်မှာ ခွေးများသေကြောင်းကြံရာ နေရာအဖြစ် သိရှိကြတဲ့ ခွေးသေတံတား

//s9.kh1.co/2c/2c1825c89b41f6f2dd06b2e87c15d03c5df6d5b9.jpg
ဗဟုသုတအဖြာဖြာ

 ၃၀-ဇန်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီး‌ေရ မိမိတို့နေထိုင်ရာ ကမ္ဘာပေါ်မှာဆိုရင် ထူးဆန်းထွေလာများစွာ တည်ရှိပါတယ်။အဲ့ဒါ‌တွေထဲက တစ်ခုဖြစ်တဲ့ ထိတ်လန့်ဖွယ်ရာ တံတား ရှိပါတယ်။ ထိုတံတားကတော့ ယခုအချိန်ထိ ဘယ်ပညာရှင်မှအဖြေရှာလို့မရပဲ ခွေးသေတံတားလို့နာမည်ကြီး‌ေနတဲ့ တံတားဆိုပြီးလူသိများပါတယ်။ Overtoun Bridge လို့အမည်ရတဲ့ ဒီတံတားဟာ စကော့တလန်နိုင်ငံ၊ West Dunbartonshire မှာ 1895 ခုနှစ်မှာ Civil Engineer တစ်ယောက်ဖြစ်တဲ့ H.E.Milnerကနေ ဆောက်လုပ်ပြီးစီးခဲ့တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/5e/5ee96a4b6811c44979a025c62ecfe09a7f4dbda7.jpg

ဒီတံတားဟာ ပေ၅၀ အမြင့်ရှိပြီး တစ်ကမ္ဘာလုံးရဲ့စိတ်ဝင်စားမှုကိုရရှိလာတဲ့အကြောင်းအရင်းတစ်ခုကတော့ တံတားပေါ်ကနေ အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ ခွေးတော်တော်များများဟာ အကြောင်းအရင်းရှာမရနိုင်ဘဲ ခုန်ချသေဆုံးသွားတတ်လို့ပဲဖြစ်ပါတယ်။ ခွေးပိုင်ရှင်တွေဟာ တံတားပေါ်ဖြတ်တဲ့အချိန် သူတို့ခွေးလေးတွေ ရုတ်တရက်ခုန်ချသေဆုံးမှုကို လူမှုကွန်ယက်မှာပြောကြားလာအပြီးမှာတော့ ဒီတံတားဟာ ပိုပြီးနာမည်ကြီးလာပါတယ်။ ထူးခြားတာတစ်ခုကတော့ တံတားရဲ့ တူညီတဲ့တစ်ဖက်ခြမ်းကနေပဲ ခွေးတွေက ခုန်ချကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=334,q=100/66/660ae56edc18448029871b52af589afde421aeb5.png

ဒီခုန်ချရတဲ့အကြောင်းအရင်းကို ကြိုးစားစစ်ဆေးရှာဖွေကြပေမယ့် ယနေ့ချိန်ထိ မဖော်ထုတ်နိုင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒီတံတားပေါ်မှာတော့ ကြေကွဲဖွယ်ကောင်းတဲ့အဖြစ်အပျက်တစ်ခုဟာ ခွေးသေတဲ့တံတားရယ်လို့အမည်မတွင်ခင် ဟိုးတစ်ချိန်တုန်းက ဖြစ်ပွားခဲ့ဖူးပါတယ်။ ဒီတံတားအနီးပတ်ဝန်းကျင်မှာနေထိုင်တဲ့သူတွေက တံတားကို သရဲခြောက်တယ်ဆိုပြီး အခိုင်အမာပြောဆိုခဲ့ကြဖူးပါတယ်။ ဖြစ်စဉ်ကတော့ ၁၉၉၄ခုနှစ်မှာ Kevin Moy အမည်ရ အဆိုပါအရပ်မှာ နေထိုင်သူတစ်ဦးဟာ သူ့ရဲ့ကလေးငယ်ကို တံတားပေါ်ကနေ ပစ်ချခဲ့တဲ့အမှု ဖြစ်ပွားခဲ့ဖူးပါတယ်။

https://s9.kh1.co/__image/w=300,h=200,q=100/48/48563ddc8fe2f71ff39b888e49a67d72dc168d53.jpg

Kevin ဟာ သူ့ရဲ့ကလေးငယ်ကို Anti-Christ တစ်ယောက်လို့ယူဆပြီး တံတားပေါ်ကပစ်ချကာ သတ်ပစ်ခဲ့တာဖြစ်ပါတယ်။ မကြာခင်မှာ သူကိုယ်တိုင် တံတားပေါ်ကနေ ခုန်ချပြီးသတ်သေဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လေ့လာသူတွေရဲ့ပြောကြားချက်အရ အိမ်မွေးတိရစ္ဆာန်ခွေးတွေဟာ လူတွေမသိနိုင်၊ မမြင်နိုင်၊ မကြားနိုင်တဲ့အရာတွေကို ကြားနိုင်သိနိုင်စွမ်းရှိတာကြောင့် သမိုင်းကြောင်းမှာဖြစ်ပွားခဲ့တဲ့ ဒီလူသတ်မှုဟာ တံတားပေါ်ကနေ ခွေးတွေခုန်ချတာနဲ့ဆက်စပ်မှုရှိမယ်လို့ ယူဆထားကြပါတယ်။ ဒါဟာ တစ်စုံတစ်‌ေယာက်ကပဲ တွန်းချဖို့ ဖိအားပေးနေတာလား ဒါမှမဟုတ်ပဲ ခွေးလေးတွေက သူတို့ရဲ့ခေါ်သံကိုကြားလို့ပဲ သွားကြတာလား မသိရှိနိုင်ပါဘူး။

https://s9.kh1.co/__image/w=450,h=229,q=100/f0/f0029bb928d6e3bbe25713a523486d7165c0f846.png

သတင်း အရင်းအမြစ်Ghost Stories

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T