မေတ္တာ ခံစားနေရတဲ့ ရောဂါဝေဒနာကို သက်သာပျောက်ကင်းသွားအောင် ဆေးကုသပေးနိုင်ခဲ့လို့ ဝမ်းသာကြည်နူးနေတဲ့ ထူးခန့်ကျော်

//s9.kh1.co/46/46a6cac51042dd380e48b09d2a2fd6288ef905ba.jpg
အနုပညာရှင်များ

 ၃၀-ဇန်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မင်းသားကြီး ထူးခန့်ကျော်က အနုပညာနယ်ပယ်တစ်ခုမှာ အောင်မြင်မှုတွေရဲ့ ရပ်တည်ထားတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ထူးခန့်ကျော်ဟာ အနုပညာအလုပ်တွေကို ဆယ်စုနီးပါးမကလုပ်ကိုင်လာခဲ့ပြီး ယနေ့အချိန်ထိလည်း ဖြည်းဖြည်းချင်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အရိုးအကြောနဲ့ဆိုင်တဲ့ ရောဂါဝေသနာခံစားရတဲ့သူတွေကို မြန်မာ့ရိုးရာနဲ့ အခမဲ့ ဆေးကုသပေးနေတာ တွေ့ရပါတယ်။

Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account

သူ့ရဲ့ ဆေးကုသမှုဟာ ရောဂါဝေသနာရှင်တွေရဲ့ သိသိသာသာ ပျောက်ကင်းတာကြောင့် လာရောက်ကုသတဲ့ သူတွေများတာ တွေ့ရပါတယ်။ဒါ့အပြင် ထူးခန့်ကျော်က ဆေးကုသတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို မကြာခဏအသိပေးဖော်ပြပေးပါသေးတယ်။ ယခုမှာဆိုရင်လည်း သူ့ဆီမှာ ဟာသ သရုပ်ဆောင် ဦးမေတ္တာက လာရောက်ဆေးကုသခဲ့တယ်ဆိုတဲ့အကြောင်းလေးကို ပြောပြလာခဲ့ပါတယ်။

Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account
Photo Credit- Htoo Khant Kyaw fb account

"အခုလိုယုံကြည်စွာဖြင့်လာရောက်ကုသပြီး မိမိခံစားနေရသော ဝေဒနာသက်သာပျောက်ကင်းသွားတယ်ဆိုတဲ့ ဟာသလူရွှင်​တော်ဦးမေတ္တာအားအထူးပင်ကျေးဇူးတင်ပါတယ်နော်..... အခုလို(၇) နှစ်ရက်သားသမီးများရဲ့အရိုး အကြောနှင့်ပတ်သက်သောဝေဒနာများအား တစ်ထောင့်တစ်နေရာမှ ပါရမီဖြည့်ကုသခွင့်ရခဲ့မှု့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်နော် " ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ကဲ...ပရိသတ်တွေလည်း ထူးခန့်ကျော်ရဲ့ ကြည်နူးစရာပုံလေးတွေကို သဘောကျမယ်လို့ထင်မိပါတယ်။

သတင်း အရင်းအမြစ်Source - Htoo Khant Kyaw fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T