သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေးဆိုတဲ့အတိုင်း လူ့တွေအတွက် ဘယ်လောက်ကောင်းကြိုးရှိတဲ့ အရာတွေမဆို နည်းမှန်လမ်းမှန် မသုံးတတ်ရင် ဘေးဖြစ်တတ်ပါတယ်။အဲ့ဒီလိုပဲ ဟိုရှေးအရင်ထဲက လူတွေသောက်သုံးလာတဲ့ ရေနွေးဟာဆိုရင်လည်း သုံးစွဲနည်းမမှန်ရင် ဘေးဖြစ်တတ်ပါတယ်။ဒါ့ကြောင့် ရေနွေးကို ဘယ်လိုနည်းမှန်လမ်းမှန်နဲ့ သုံးစွဲသင့်သလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။
ရေနွေးကို ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီး ကျက်အောင်ကျိုချက်ပါ။ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားသော ရေနွေးဖြင့်သာ ဖျော်ပါ။ဓာတ်ဗူးထဲက ရေနွေးနှင့် ဖျော်မည်ဆိုလျှင် ဓာတ်ဗူးထဲတွင် ခြောက်နာရီထက်ကျော်လွန်၍ လှောင်ထားသော ရေနွေးကိုမသုံးသင့်ပါဘူး။
ဒါ့အပြင် ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးက ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး မသုံးသင့်သလို ပြန်ကျိုချက်ပြီးလည်း မသုံးသင့်ပါဘူး။
လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကိုသောက်မယ်ဆိုရင်လည်း တစ်ရက်အတွင်းပဲသောက်ပေးပါ။ ၄င်းလက်ဖက်ခြောက်ခတ်ထားသော ညသိပ်ရေနွေးကြမ်းဟာ အဆိပ်ဖြစ်စေတဲ့အတွက် အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်သင့်သလို ရေအေးသောက်ပြီး တစ်နာရီအတွင်း မှာလည်း ရေနွေးမသောက်သင့်ပါဘူး။
သတင်း အရင်းအမြစ်៖ Healthline