ဘောလုံးချစ်သူပရိသတ်များအတွက် ဝေမျှခဲ့တဲ့ ဖြူဖြူရဲ ့Camp Nou ရောက် အမှတ်တရ ပုံရိပ်များ

အသံအားကောင်းကောင်းနဲ ့သီဆိုတတ်ပြီး ဖက်ရှင်ကျကျ ဝတ်ဆင်ကာ ပရိသတ်ကြီးကို ဖျော်ဖြေတတ်သူ ဖြူဖြူကျော်သိန်းဟာ

အားပေးချစ်ခင်သူပရိသတ်များစွာရှိတဲ့ နိုင်ငံကျော်တေးသံရှင်တစ်ဦးဖြစ်ပါတယ်။

အခုဆိုရင် ဖြူဖြူဟာ စပိန် ဘာစီလိုနာမှာ ရှိတဲ့ ဥရောပရဲ ့အကြီးဆုံး Camp Nou မိုးလုံလေလုံ ဘောလုံးကွင်းကို ရောက်ရှိခဲ့စဉ်မှာ ရိုက်ကူးဖြစ်ခဲ့တဲ့

သူမရဲ ့ ပုံရိပ်လေးတွေကို အခုလိုပဲဝေမျှခဲ့ပါတယ်။

ဘောလုံးအားကစားဟာ တစ်ကမ္ဘာလုံးနှစ်သက်ကြတဲ့ အားကစားနည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ဒါကြောင့် ဘောလုံးဝါသနာအိုးလေးတွေ ရောက်ရှိဖူးချင်မှာဖြစ်တဲ့ နေရာလေးကို အလည်အပတ်ရောက်ရှိခဲ့တဲ့ ဖြူဖြူက ဘောလုံးအကြောင်းကို

သိပ်နားမလည်ပေမယ့် မြန်မာပြည်က ဘောလုံးချစ်သူပရိသတ်များအတွက် အမှတ်တရ ပုံရိပ်လေးတွေကို မျှဝေခဲ့တာပါ။

ဘောလုံးအားကစားကို ချစ်တဲ့ ပရိသတ်ကြီးလည်း ဖြူဖြူရဲ ့ပုံလေးတွေကို ကြည့်ပြီး ပျော်ရွှင်ကြည်နူးမိမှာ အမှန််ပါပဲနော်…  

သတင်းအရင်းမြစ် Phyu Phyu Kyaw Thein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။