ပြင်သစ်ဘုရင် နပိုလီယံ လို့ပြောလိုက်တာနဲ့ သမိုင်းမှာ ထင်ရှားကျော်ကြားခဲ့တဲ့ ဘုရင်ကြီးတစ်ဦးဆိုတာ လူတိုင်းသိကြပေမယ့် မသိသေးတာကတော့ သူ့ရဲ့ထူးထူးခြားခြား အမူအကျင့်တွေကိုပဲ ဖြစ်ပါတယ်။နပိုလီယံ ဘာတွေလုပ်တယ် သူ့ရဲ့အမူအကျင့်တွေက ဘယ်လိုလဲဆိုတာက စိတ်ဝင်စားစရာကောင်းတဲ့အတွက် ပရိသတ်တွေကို ဖော်ပြပေးချင်ပါတယ်။

Photo from google

၁.သီချင်းဆိုညံ့တဲ့ နပိုလီယံ

နပိုလီယံရဲ့အစေအပါးတစ်ဦးဖြစ်တဲ့လူးဝစ်ပြောဆိုချက်အရစစ်ဘုရင်ကြီးဟာဆိုရင်တစ်စုံတစ်ရာကိုစဉ်းစားနေချိန်မှာသီချင်းညည်းတတ်ပါတယ်။တစ်ခါတစ်ရံသံစဉ်မညီပဲစာကြောင်းတစ်ကြောင်းကိုထပ်ခါတစ်လဲလဲဆယ့်ငါးမိနစ်လောက်ဆိုနေတတ်တယ်။သူငယ်ချင်းဖြစ်သူဘတ်စ်ဆီကတော့နပိုလီယံတွင်ဂီတပါရမီမရှိကြောင်းနဲ့မည်သည့်သံစဉ်နှင့်ဆိုနေကြောင်းမခွဲခြားနိုင်ကြောင်းမှတ်ချက်ပေးခဲ့တယ်။

၂.ရေနွေးနဲ့ရေအကြာကြီးချိုးရတာကိုကြိုက်နှစ်သက်သူ

နပိုလီယံဟာ သူရေချိုးတဲ့အခါမှာနှစ်နာရီလောက်ကြာတတ်ပြီးတော့အပြင်ကနေသူ့ကိုဂျာနယ်ဖတ်ပြရပါတယ်။သူရေချိုးနေစဉ် ရေအပူအချိန်ကိုလည်းအဆက်မပြတ်မြင့်တင်တတ်ပြီးတစ်ခန်းလုံးရေနွေးငွေ့နဲ့ ပြည့်နေအောင်ထားတတ်ပါတယ်။

Photo from google

၃.နွယ်ချိုဝါးရတာ ကြိုက်နှစ်သက်သူ

နပိုလီယံမှာနွယ်ချိုကိုဝါးနေတတ်တဲ့အကျင့်ရှိတယ်။ဒါကြောင့်သူ့ဝတ်စကုတ်ထဲမှာအမြဲတမ်းနွယ်ချိုကိုဆောင်ထားတတ်ပါတယ်။ဗိုလ်ချုပ်ဟန်ရီရဲ့သမီးဖြစ်တဲ့သူ့မိန်းမရဲ့အဆိုအရနပိုလီယံဟာသေခါနီးမှာတောင်နွယ်ချိုကိုရေနဲ့ရောပြီးတိုက်ဖို့တောင်းဆိုခဲ့ဖူးပါတယ် လို့သိရပါတယ်။

၄.ရှူဗူးဆောင်ရတာကိုနှစ်သက်သူ

နပိုလီယံဟာ ရှူဗူးကိုခနခန ထုတ်ရှူတတ်ပါတယ်။

ရှူတဲ့နေရာမှာလည်း နပိုလီယံဟာ ရှူဗူးကို ဘာမှမကျန်ပဲ ကုန်သွားတဲ့အထိ ရှူတတ်ပါတယ်။

ဒါ့အပြင် သူတစ်ကိုယ်တည်းစကားပြောတဲ့အခါမှာကုန်နေတဲ့ရှူဗူးထဲကိုလက်နိုက်ပြီးနှာခေါင်းထဲသို့ထိုးထည့်တတ်ပါတယ်။

Photo from google

၅.အယူသည်းတဲ့နပိုလီယံ

အတိတ်နိမိတ်၊မကောင်းဆိုးဝါးတွေနဲ့ကံတရားတွေပေါ်မှာနပိုလီယံအယုံအကြည်ရှိပါတယ်။သောကြာနေ့ကိုသူ့အတွက်ပြဿဒါးနေ့အဖြစ်ခံယူပြီးနံပါတ်က(၁၃)ကကံဆိုးမိုးမှောင်စေတဲ့နံပါတ်အဖြစ်သတ်မှတ်ထားပါတယ်။

၆.ဖဲလိမ်ရိုက်တာဝါသနာပါတဲ့နပိုလီယံ

စစ်တုရင်နဲ့ဖဲကစားရာမှာအရှုံးကိုနပိုလီယံလုံးဝမနှစ်သက်ပါဘူး။ နပိုလီယံရဲ့အတွင်းရေးမှုးဖြစ်ခဲ့ဖူးသူအဆိုအရ twenty one (နှစ်ဆယ့်တစ်ပေါက်) ဖဲကစားနည်းကိုသူအလွန်နှစ်သက်ပါတယ်။သူဆွဲလိုက်တဲ့ဖဲချက်က နှစ်ဆယ့်တစ်ပေါက်ထက်ကျော်သွားရင်တိတ်တိတ်လေးနေတတ်ပြီးတစ်ခါတစ်လေမှာပိုနေတဲ့ဖဲကိုမသိမသာလွင့်ပစ်တတ်ကြောင်းသူနဲ့ကစားဖူးသူအချို့အဆိုအရသိရပါတယ်။

Photo from google
Photo from google
Photo from google
Photo from google

သတင်းအရင်းမြစ်: Wikipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။