ဉာဏ်ရည်ဆိုတာ ဦးနှောက်အသိဉာဏ်နှင့် ဆက်စပ်နေပါတယ်။ ထို့ကြောင့် ဦးနှောက် ကျန်းမာဖို့ အရေးကြီးသလို ဉာဏ်ရည်ထက်မြက်ဖို့ကလည်း အရေးကြီးလှပါတယ်။ ဉာဏ်ရည်ထက်မြက်စေနိုင်ဖို့နှင့် ဦးနှောက်မှတ်ဉာဏ်အား ဖွံ့ဖြိုးစေနိုင်ရန်အတွက် အောက်ပါ နည်းလမ်းများကို ဖော်ပြလိုက်ပါတယ်။ 

(၁) တစ်နေ့ကို အနည်းဆုံး (၈) နာရီ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပါ။

အိပ်ရေးမဝခြင်းက မှတ်ဉာဏ်စွမ်းရည်ကို ကျဆင်းစေပါတယ်။ အလွန်အကျွံ အိပ်စက်ခြင်းကလည်း လူကို ထိုင်းမှိုင်းစေပါတယ်။ ထို့ကြောင့် တစ်နေ့လျှင် (၈) နာရီ ဝန်းကျင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်လျှင် ဦးနှောက်ဖွံ့ဖြိုးရန်အတွက် လုံလောက်မှု ရှိပါတယ်။ အိပ်ရေးမဝခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများစွာ ရှိသောကြောင့် အိပ်ရေးဝ၀ အိပ်ရန် တိုက်တွန်းချင်ပါတယ်။

(၂) ဦးနှောက်ကို အလုပ်လုပ်ခိုင်းပါ။

ဦးနှောက်ကို အလုပ်ခိုင်းခြင်းက ဉာဏ်ရည်ထက်မြက်စေနိုင်သည့် အကောင်းဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။ ဉာဏ်စမ်းများဖြေခြင်း၊ အကြံဉာဏ်ကောင်းများ ရသည်အထိ တွေးတောခြင်း၊ မေ့နေသော အရင်အကြောင်းအရာများကို မှတ်မိအောင် ပြန်လည်စဉ်းစားခြင်း၊ ခက်ခဲသော မေးခွန်းများအား ဖြေဆိုခြင်း စသည့်ဖြင့် ဦးနှောက်အား အလုပ်ပေးပါ။

(၃) ဖြည့်စွက်ဆေးနှင့် အစာများ စားပါ။

ဗီတာမင်စီ၊ ဗီတာမင်ဘီ၊ ဗီကတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ ဖက်တီးအက်ဆစ်၊ ဖောလစ်အက်ဆစ် စသည်တို့က ဦးနှောက်ကို ခွန်အားဖြစ်စေပါတယ်။ အစားအစာများ ကိုလည်း ဦးနှောက် အားဖြစ်စေသော အစာများ စားပါ။ ဦးနှောက်အားကောင်းစေရန် ရည်ရွယ်ပြီး မှီဝဲစားသုံးပါ။

(၄) လေ့ကျင့်ခန်းပြုလုပ်ပါ။

လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ ယောဂကျင့်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း စသည်တို့ကလည်း ခန္ဓာကိုယ် သွေးလည်ပတ်မှု အားကောင်းစေတာကြောင့် ဦးနှောက်စွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။

(၅) အသစ် အသစ်များကို လေ့လာသင်ယူပါ။

ဘာသာစကားပဲဖြစ်ဖြစ်၊ ပညာရပ် အသစ်တစ်ခုပဲဖြစ်ဖြစ် လေ့လာ သင်ယူပါ။ ကျက်မှတ်ပါ။ မသိသော ပညာရပ်များကို လေ့လာရတာကြောင့် ဦးနှောက်စွမ်းရည်ကိုလည်း မြင့်တင်နိုင်မည် ဖြစ်ပါတယ်။

(၆) စာဖတ်ပါ။

မိမိကြိုက်နှစ်သက်သော စာများကို ဖတ်ပါ။ ထို့နောက် သဘောကျသော စာသားများကို ရေးမှတ်ထားပြီး ခဏ ခဏ ပြန်ဖတ်ခြင်း ပြုလုပ်ပါ။ နောက်ပိုင်းတွင် ရေးမှတ်စရာ မလိုဘဲ မှတ်ဉာဏ်အား ကောင်းလာသည်ကို သတိထားမိမှာဖြစ်ပါတယ်။

(၇) လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီသောက်ပါ။

လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီသောက်သုံးသူတွေဟာ လုံးဝ မသောက်သုံးသူတွေထက် ဦးနှောက်ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ထို့ကြောင့် ဦးနှောက် လန်းဆန်းတက်ကြွစေရန် လက်ဖက်ရည် (သို့မဟုတ်) ကော်ဖီကို တစ်နေ့လျှင် အနည်းဆုံး တစ်ခွက်မျှ သောက်သုံးသင့်ပါတယ်။

(၈) လိုအပ်လျှင် ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။

ဦးနှောက်အားကောင်းစေရန် နည်းလမ်းများကို လုပ်သော်လည်း ကိုယ့်အတွက် အချည်းနှီးပဲ ဖြစ်နေခြင်း၊ သူများနှင့်ယဉ်လျှင် မှတ်ဉာဏ်အား နည်းပါးချို့ယွင်းနေခြင်း … စသည်ဖြင့် တိုးတက်မှု နှေးလွန်းတယ် ဆိုရင်တော့ ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။ လိုအပ်လျှင် ဆေးကုသမှု ခံယူပါ။

ဦးနှောက်နှင့် မှတ်ဉာဏ်စွမ်းအားသည် လူတစ်ဦးအတွက် လွန်စွာ အရေးပါသောကြောင့် အထူးပင် ဂရုစိုက်သင့်ပါသည်။ လူ အသက်ရှင်လျှက်နှင့် ဦးနှောက်သေနေလျှင် ဘာ အကျိုးမှ ရှိမည် မဟုတ်ပါ။ ထို့ကြောင့် ဦးနှောက်ကို အထူး ဂရုစိုက်ကြဖို့ အထူးပင် တိုက်တွန်းချင်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။