မင်္ဂလာဆောင်မှာ ယောက်ျားလေးသူငယ်ချင်းတွေကို သတို့သမီးအရံအဖြစ် ပြုလုပ်ခဲ့တဲ့ သတို့သမီး

//s9.kh1.co/96/966aba727b940b327c9dee0f8d5930c49e55c51e.jpg
ဗဟုသုတအဖြာဖြာ

 ၀၁-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

မိန်းကလေးတွေအနေနဲ့ ကိုယ်မင်္ဂလာဆောင်တဲ့အခါမှာ ကိုယ့်သူငယ်ချင်းတွေကို သတို့သမီးအရံလေးလုပ်ခိုင်းပြီး Prewedding ပုံလှလှလေးအတူတူရိုက်ချင်တဲ့စိတ်ကူးလေးတွေရှိပါတယ်။ တကယ်တမ်း ကိုယ်မင်္ဂလာဦးဓာတ်ပုံရိုက်ဖို့ ဒါမှမဟုတ် သတို့သမီးအရံလုပ်ဖို့ မိန်းကလေးသူငယ်ချင်းနည်းတဲ့သူတွေကတော့ အခက်တွေ့ရမှာပေါ့။ အသက်(၂၄)နှစ်အရွယ် ဘရာဇီးနိုင်ငံသူ ရေဗက်ကာကတော့ မင်္ဂလာဆောင်ဖို့ ရက်ကပ်နေချိန်မှာ သတို့သမီးအရံလုပ်မယ့် မိန်းကလေးသူငယ်ချင်းမရှိလို့ အခုလို စိတ်ကူးလေးရခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=395,q=100/2f/2feafbf00ee7d3d46baf3afdf794994fc4f16714.png
https://s9.kh1.co/__image/w=650,h=442,q=100/89/89e2aeaf3cdee9e7276b6262b12d96d31ca4ab04.png

အဖြစ်ကတော့ ကျောင်းသား(၆၀)သာရှိတဲ့ သူမတက်ရောက်နေတဲ့ ကွန်ပြုတာအင်ဂျင်နီယာအတန်းမှာ သူမအပါအဝင် မိန်းကလေး(၄)ဦးပဲရှိတာပါ။ ရှိတဲ့မိန်းကလေးတွေကလည်း သတို့သမီးအရံလုပ်ပေးဖို့ အဆင်မပြေတာကြောင့် နောက်ဆုံးမှာ မင်္ဂလာဦးဓာတ်ပုံလှလှလေးရိုက်ဖို့ သူမကို ခင်မင်ကြတဲ့ ယောကျာ်းလေးသူငယ်ချင်းတွေကိုအကူအညီတောင်းခဲ့ရပါတယ်။ သူမဟာ ပွဲမတိုင်ခင်အတော်လေး ခေါင်းခြောက်ခဲ့ရပြီး သူများတွေလို သတို့သမီးအရံဝတ်စုံလှလှလေးတွေဝတ်ထားတဲ့ သူငယ်ချင်းတွေအလယ် အမိုက်စားပုံလေးတွေရိုက်ချင်ပေမယ့် အဲ့လိုမလုပ်နိုင်တာ စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်။

https://s9.kh1.co/__image/w=650,h=364,q=100/40/40af69f44783af8e5154f0c2d89a94d85e19f2cc.png
https://s9.kh1.co/__image/w=650,h=445,q=100/0d/0d947a789270584ebadf7c93fb2b80f63b3128a3.png

ဒါပေမယ့် တကယ်တမ်းကျတော့ ဒီစိတ်ကူးလေးရလိုက်တာ ပိုတောင်ပျော်ဖို့ကောင်းကြောင်း နဲ့ သူမကိုတကယ်ချစ်ခင်တဲ့ ယောကျာ်းလေး သူငယ်ချင်းတွေကလည်း သူမအတွက် ဘာမဆိုကူညီပေးလို့ ဝမ်းသာကျေနပ်မိကြောင်း ပြောပြခဲ့ပါတယ်။ သူငယ်ချင်းယောကျာ်းလေးတွေ နဲ့ပျော်ပျော်ပါးပါး နောက်ပြောင်ကာ ရိုက်ထားတဲ့ သူမရဲ့ Prewedding ဓာတ်ပုံလေးတွေဟာ ဖေ့ဘုတ်မှာ တင်လိုက်လိုက်ချင်းမှာပဲ ရှဲတဲ့သူများခဲ့ပါတယ်။ လူတိုင်းကတော့ သူမတို့ သူငယ်ချင်းတစ်သိုက်ကို ချီးကျုးစကားဆိုခဲ့ကြသလို သူများမင်္ဂလာဦးဓာတ်ပုံလေးတွေနဲ့မတူပဲ ပိုပြီးဆန်းသစ်နေတာကြောင့် အားကျစရာဖြစ်ခဲ့ပါတယ်။ မိတ်ဆွေသူငယ်ချင်းကောင်းဆိုတာ ကိုယ်ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အရေးကြုံတဲ့အခါ ကိုယ့်ကို ကူညီပေးနိုင်သူတွေဖြစ်ပါတယ်။ အားလုံးပဲ ကိုယ့်မှာသူငယ်ချင်းကောင်းတွေရှိနေရင် သူတို့ကို ချစ်မြတ်နိုးကြောင်းပြောပေးပါ။

https://s9.kh1.co/__image/w=650,h=442,q=100/12/127c49c1069d56800eaa9cffa33724206efd6fff.png
https://s9.kh1.co/__image/w=650,h=425,q=100/34/342d429252805653bb89a92d92939e65716a5ee0.png

သတင်း အရင်းအမြစ်Sunflower

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T