ရေကိုအလွန်အကျွံ့ သောက်သုံးရာကနေ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးများ

//s9.kh1.co/d9/d92d34bac548b4381309cf535e35a1ba6a332f8a.jpeg
ဗဟုသုတအဖြာဖြာ

 ၁၁-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ရေဟာလူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အသက်သွေးကြောတစ်ခုဆိုပေမယ့် လိုတာထက်ပိုပြီး အလွန်အကျွံ့ သောက်သုံးမယ်ဆိုရင်တော့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါ့ကြောင့် ပရိသတ်တွေကို ရေကိုအလွန်အကျွံ့သောက်သုံးရာကနေ ဖြစ်ပေါ်လာစေနိုင်တဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။

Photo from google
Photo from google

ပထမဆုံးတစ်ခုအနေနဲ့ ရေကိုအလွန်အကျွန် သောက်သုံးမယ်ဆိုရင် overhydration လို့ခေါ်တဲ့ (ရေဓာတ်လွန်ကဲခြင်းရောဂါ) ဖြစ်စေနိုင်ပါတယ်။ဒါ့အပြင် ဒီရောဂါကနေ နောက်ဆက်တွဲဖြစ်တဲ့ Hyponatremiaလို့ခေါ်တဲ့ သွေးတွင်း sodiumဓာတ်တွေနဲပါးပြီး ဆဲလ်တွေကို ဖောင်းကားစေတဲ့ရောဂါကိုပါဖြစ်စေပါတယ်။

ရေဓာတ်တွေအရမ်းများပြီး ကျောက်ကပ်ကပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့အခါ electrolyte ပမာဏလျော့ကျလာပါတယ်။ အဲ့အချိန်မှာဆိုရင် ခြေတွေလက်တွေ ဖောယောင်ပြီး ကြွက်သားတွေ နာကျင်လာတတ်ပါတယ်။

Photo from google
Photo from google

ဒါ့အပြင် ခန္ဓာကိုယ်ထဲမှာ ပိုလျှံထွက်နေတဲ့ရေပမာဏကို ကျောက်ကပ်က ခန္ဓာကိုယ်အပြင်ကိုမရောက်အောင်တားဆီးပေးပေမယ့် လုပ်ဆောင်ချက်ကများလွန်းပြီး ရေပမာဏကို မထိန်းသိမ်းနိုင်တော့တဲ့အခါ ပျို့ခြင်း၊အော့အန်ခြင်းကိုဖြစ်စေပါတယ်။အဆိုးရွားဆုံး တစ်ခုကတော့ဦးနှောက်လုပ်ဆောင်ချက်တွေကို နှောက်နှေးစေပြီး နောက်ဆုံးသေပါသေစေနိုင်ပါတယ်။

ဒါ့ကြောင့် ရေကို သတ်မှတ်ထားတဲ့ ပမာဏထက် အရမ်းကြီး အလွန်အကျွန် မသောက်သုံးကြဖို့ တိုက်တွန်းလိုက်ပါရစေ.....

Photo from google
Photo from google

သတင်း အရင်းအမြစ်Healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T