ကမ္ဘာကျော် Hacker အဖွဲ့ဖြစ်တဲ့ Anonymous အဖွဲ့ရဲ့ သိကောင်းစရာများ

//s9.kh1.co/c5/c53ceb7285eb191338176e49e5311b6cd93636de.jpg
ဗဟုသုတအဖြာဖြာ

 ၁၂-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ ခုဖော်ပြသွားမယ့်အကြောင်းအရာကတော့ လက်ရှိကမ္ဘာပေါ်မှာ နာမည်ကြီး  Hacker တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ Anonymous အကြောင်းပဲဖြစ်ပါတယ်။ Hacker ဆိုတာကတော့ ပရိသတ်ကြီး သိတဲ့အတိုင်း အကြမ်းမျဉ်းအားဖြင့် လျှို့ဝှက်ပိတ်ချထားတဲ့အရာတွေကို အဆင်မြင့်နည်းပညာတွေနဲ့ ဖွင့်ချပြီး ရယူတဲ့သူတွေကို Hacker လို့သတ်မှတ်ကြပါတယ်။ Anonymous ဆိုသည်မှာလဲ အမေရိကန်က တုန်လှုပ်ရလောက်အောင် ကျွမ်းကျင်တဲ့ Hacker အဖွဲ့ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/98/98533dea23ba4732aabb308ae106d8f6b740c5cc.jpg
https://s9.kh1.co/__image/w=650,h=355,q=100/6c/6c678b8a7ab56cc20b4e0916915d7611c3504298.jpg

Anonymous အဖွဲ့ဟာဆိုရင် ၂၀၀၃ ခုနှစ်တုန်းက 4Chan ဆိုတဲ့  လူမှုကွန်ယက်အငယ်စား‌ေလး တစ်ခုကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ သူတို့ကိုလူတွေစသိတဲ့အဖြစ်အပျက်ကတော့  ၂၀၀၈ခုနှစ်တုန်းက Project Chanology ဆိုတဲ့ ကိစ္စနဲ့ လူသိများလာတာဖြစ်ပါတယ်။ သူတို့ဟာ အစိုးရတွေအတွက်တော့ အန္တရာယ်ရှိပေမယ့် ပြည်သူလူထုတွေကတော့ သူတို့ကိုထောက်ခံပြီး အားပေးလျက်ရှိပါတယ်။

https://s9.kh1.co/__image/w=384,h=288,q=100/12/124fe3b0391d73b28bc577b8080261a0fd7a5671.jpg
https://s9.kh1.co/__image/w=590,h=350,q=100/7e/7e3e4e199265c7b95c1e26b9dde72881cf108e89.jpg

အစိုးရအဖွဲ့ဖြစ်တဲ့ FBI တို့လိုအဖွဲတွေတောင်မှ Anonymous အဖွဲ့ကို မဖမ်းနိုင်ပါဘူး။ သူတို့အဖွဲ့ရဲ့ လက်စွဲစကားကတော့ " We Are Anonymous " ဖြစ်ပြီး ပုံစံကတော့ ခေါင်းမပါတဲ့ယောက်ျားခန္ဓာကိုယ်ကို ကိုယ်စားပြုပါတယ်။ မျက်နှာဖုံးအနေနဲ့ကတော့ " V For Vendetta " ဆိုတဲ့ကားထဲက မျက်နှာဖုံးကို ၀တ်ဆင်ကြပါတယ်။ Anonymousအဖွဲ့ရဲ့ကျွမ်းကျင်မှုတွေကတော့ Anti-cyber-surveillance, Anti-cyber-censorship, Internet activism, Internet vigilantism တို့ပဲဖြစ်ပါတယ်။ ခုဆိုရင်လဲ ပျောက်ကွယ်နေရာကနေ တစ်ဖန် ပြန်လည်ပေါ်လာပြီဖြစ်ကာ အခြေအနေတွေကို စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/f3/f366f61b4ccfd6ea9bdabdd197e707e4b3bec75d.jpg

သတင်း အရင်းအမြစ်World List

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T