နေပူထဲကို နေ့တိုင်းထွက်နေရတာနဲ့အမျှ လူတော်တော်များများဟာ နေလောင်ဒဏ်ကိုခံရတတ်ပါတယ်။နေလောင်ဒဏ်ခံရပြီဆိုရင် အလောင်ခံရတဲ့နေရာဟာ အကွက်ကြီးတွေ ဖြစ်နေတတ်ပြီး မှန်ထကြည့်မိတိုင်းလည်း တော်တော်လေး အဆင်မပြေဖြစ်ရပါတယ်။ဒါ့ကြောင့် ပရိသတ်တွေကို နေလောင်ဒဏ်ခံရရင် ကုသနိုင်တဲ့ အိမ်တွင်း ကုထုံးလေးတွေကို ပြောပြပေးချင်ပါတယ်။

ပထမတစ်ခုကတော့ အုန်းဆီပါ။ အုန်းဆီဟာ အသားအရည်ကိုအားဖြည့်ပေးနိုင်တဲ့ fatty acid နဲ့ အိုမင်းရင့်ရော်မှုတွေကို လျော့ကျစေတဲ့ Vitamin E ပါဝင်တဲ့အတွက် လူ့အသားအရေနဲ့ တော်တော်လေးတည့်ပါတယ်။
အသုံးပြုပုံကတော့ အုန်းဆီအနည်းငယ်ကို လက်လေးနဲ့ယူပြီး နေလောင်ခံထားရတဲ့နေရာတွေကို လိမ်းပြီး နှိပ်နှယ်ပေးရုံပါပဲ။တနေ့ကို သုံးကြိမ်လောက် နှိပ်နယ်ပေးမယ်ဆိုရင်ပဲ နေလောင်ဒဏ်ရာတွေကနေ သိသိသာသာ သက်သာလာတာကို တွေ့ရှိရမှာပါ။

နောက်တစ်ခုကတော့ မုန့်ဖုတ်ဆိုဒါ (Baking Soda) ပါ။ မုန့်ဖုတ်ဆိုဒါဟာ နေလောင်ဒဏ်တွေကို ကုသပေးရုံသာမက အသားအရည်၏ PH level ကိုလည်း ကူညီပေးပါတယ်။ အသုံးပြုပုံကတော့ မုန့်ဖုတ်ဆိုဒါ နှစ်ဇွန်းကို ရေနွေးနွေးလေး နှစ်ဇွန်းနဲ့ ခွက်တစ်ခုထဲမှာရောစပ်ပီး မွှေပေးပါ။ မွှေပီးသွားပြီဆိုရင်တော့ ရရှိလာတဲ့အနှစ်တွေကို နေလောင်ခံထားရတဲ့နေရာအနှံ့လိမ်းပေးပြီး ၁၀ မိနစ်လောက်ထားပေးပါ။ ပီးရင်တော့ ရေအေးအေးနဲ့ ဆေးချလိုက်လို့ရပါပြီ။
ဒီနည်းလမ်းလေးတွေက အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ လွယ်လွယ်ကူကူလုပ်လို့ရတာကြောင့် ပရိသတ်တွေအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်။

သတင်းအရင်းမြစ်: Healthline
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။