အဆိုတော်ကောင်းကောင်း ဟာ ပြီးခဲ့တဲ့လတွေအတွင်း (၈)နှစ်တာချစ်သူတွေဖြစ်ခဲ့တဲ့ အဆိုတော်အိုင်ရင်းဇင်မြင့် နဲ့ လမ်းခွဲခဲ့ပြီးနောက် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေအတော်လေးခံခဲ့ရပါတယ်။

သူ့ဘက်ကလည်း သူ့ရဲ့ခံစားချက်ကို Live လွှင့်ပြီး ပရိသတ်တွေကိုပြန်ဖြေရှင်းခဲ့တဲ့ ကောင်းကောင်းဟာ အခုဆိုရင်တော့ သူ့ရဲ့ ၀ါသနာတူချစ်သူနဲ့ လက်တွဲတော့မှာဖြစ်ပါတယ်။

ကရင်လူမျိုးဖြစ်တဲ့ကောင်းကောင်း တစ်ယောက် သူ့ရဲ့ ချစ်သူ ကရင်မလေး Mei Mei ကလည်း အိပ်မက်ဆုံရာမှာဝင်ပြိုင်ဖူးတဲ့ ၀ါသနာရှင်အဆိုတော်တစ်ဦး ဖြစ်တယ်လို့သိရပါတယ်။

ယနေ့ဇူလိုင်လ(၂၄)ရက်မှာတော့ ကောင်းကောင်းဟာ သူ့ချစ်သူကောင်မလေးနဲ့ အမေရိကန်မှာ လပ်ထပ်ပွဲကျင်းပေိတယ်လို့သိရပါတယ် 

ပရိသတ်ကြီးရေ ကောင်းကောင်း တို့စုံတွဲလိုက်ဖက်ရဲ့လား။

သတင်းအရင်းမြစ် myanmar famius star

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။