အနုပညာလောကမှာ စံနမူနာထားရလောက်တဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ကတော့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး ဦးကျော်သူပဲဖြစ်ပါတယ်။ ဦးကျော်သူဟာ သရုပ်ဆောင်လောကမှာ အောင်မြင်ကျော်ကြားခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ပရဟိတမင်းသားကြီးတစ်ယောက်အနေနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။ သူဟာ လူမူရေးအကျိုးပြုလုပ်ငန်းတွေကို ကိုယ်ကျိုးမငဲ့ပဲ ရှေ့မှဦဆောင်ပြီး လုပ်ကိုင်နေပေးကာ ဘဝကိုတန်းဖိုးရှိရှိ လျှောက်လှမ်းလာနေတာဖြစ်ပါတယ်။
ဦးကျော်သူရဲ့ လေးစားအတုယူစရာ အပြုအမူလေးတွေကြောင့် အနုပညာရှင်မောင်နှမတွေအပြင် တစ်နိုင်ငံလုံးက ပြည်သူ့ပရိသတ်တွေကပါ လေးစားချစ်ခင်နေရတာ ဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးတာ တွေ့ရပါတယ်။ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်၊ ဗိုလ်ချုပ်မွေးနေ့မှာတော့ ဦးကျော်သူက ကြည်နူးစရာအလှူလေးကို ပြုလုပ်ခဲ့ပါတယ်။
ဒီအလှူလေးကတော့ ဦးကျော်သူက သူ့ရဲ့ အသင်းသူ၊အသင်းသားတွေနဲ့အတူ လူထုလှုပ်ရှားမှုမှာ ပါဝင်ကြတဲ့ ပြည်သူ့ပရိသတ်တွေနဲ့ လမ်းသွားလမ်းလာသူတွေကို ကိုယ်တိုင်ကိုယ်ကျ ပဲပြုတ်နဲ့နံပြားတွေကို လိုက်လံဝေပေးခဲ့တာ ဖြစ်ပါတယ်။ ဦးကျော်သူကတော့ နှစ်စဥ်နှစ်တိုင်း ဗိုလ်ချုပ်မွေးနေ့မှာ ယခုလိုမျိုးကြည်နူးစရာ အလှူလေးကို အမြဲပြုလုပ်ပေးတာ တွေ့ရပါတယ်။ ကဲ...ပရိသတ်တွေလည်း ဦးကျော်သူ ပဲပြုတ်နဲ့နံပြား ပေးဝေနေတဲ့ ပုံရိပ်လေးတွေကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။
သတင်း အရင်းအမြစ်៖ Source - Kyaw Thu fb account