သမ္မတဘိုင်ဒင်ရဲ့ ကနဦးအရေးယူမှုဟာ မြန်မာနိုင်ငံအတွက် အဓိကကျကြောင်း အာရှဒေသလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ဒုဥက္ကဌ ဖီးလ်ရောဘတ်ဆန် ပြောကြား

//s9.kh1.co/1f/1f7081e15c5f69124a77d92c3070fe1aef3b4cca.jpg
နေ့စဉ်သတင်းများ

 ၁၃-ဖေ-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်အခြစိုက် france 24 ရုပ်သံကနေပြီး Which way will it go ? Myanmar Protesters defy military ဆိုတဲ့ခေါင်းစဥ်နဲ့ Debate လုပ်သွားပါတယ်။ Debate ဆိုပေမယ့် မြန်မာနိုင်ငံသားတွေရဲ့စစ်အာဏာရှင်တွေကိုဆန့်ကျင်မှုအပေါ် ချီးကျူးပြောဆိုထောက်ခံပေးသွားတာမို့ Debate ဆိုတာထက် Statement လို့ပြောရင်ပိုမှန်မလားပဲ။ ပါ၀င်သူတွေကတော့ France 24 သတင်းဌာနက သတင်းထောက်ရယ်၊ အစီအစဥ်တင်ဆက်သူရယ်၊ ထိုင်းနိုင်ငံရောက် အာရှဒေသလူ့အခွင့်အရစောင့်ကြည့်ရေးအဖွဲ့ ဒုဥက္ကဌ ဖီးလ်ရောဘတ်ဆန် နှင့် ဗြိတိန်ရောက် မြန်မာရိုဟင်ဂျာအဖွဲ့ဥ က္ကဌ ဦးထွန်းခင်ရယ်၊ စုစုပေါင်း ၄ ယောက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=411,q=100/70/709eedaffa5dd74b42b46e3504ef7bd74e635c47.jpg
https://s9.kh1.co/__image/w=650,h=434,q=100/1f/1f2e6d3314d66373225c733030c291f646ecc181.jpg

၎င်း Debateတွင်ဘဖီးလ်ရောဘတ်ဆန်အနေနဲ့ ပြောသွားတာတွေကတော့ သမ္မတဘိုင်ဒင်ရဲ့ ကနဦးအရေးယူမှုဟာအဓိက ကျကြောင်း၊ နောက်ထပ် အရေးယူမှု (further measurement) တွေလဲပြုလုပ်ဖို့ရှိကြောင်း၊ အမေရိကန်က EUနဲ့လဲအနီးကပ်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ကနေဒါ နဲ့ ဩစတြေးလျတို့လည်း ထိရောက်တဲ့ဖိအားတွေကို စစ်အစိုးရကိုပေးသွားဖို့ရှိ‌ေနကြောင်း၊ တရုတ်အခြေစိုက်ဟွန်ဒါ ကုမ္ပဏီက မှုကြမ်းရေးပေးတဲ့ Cyber Crime Law ကိုလည်းပြဌာန်းပြီး အင်တာနက်သုံးစွဲမှုကိုထိန်းချုပ်ဖို့ ကိုလည်းစစ်တပ်က ပြင်ဆင်နေကြောင်း၊ ဆန္ဒပြမှုကိုအဓိကမောင်နှင်နေတဲ့အားတွေက အင်တာနက်ကနေ လာနေတာဖြစ်တာမို့လဲပါကြောင်း နဲ့ စစ်တပ်က နိုင်ငံရဲ့အဓိကစီးပွားရေးတချို့ကိုချုပ်ကိုင်ထားတဲ့အနေအထားမှာလည်းရှိကြောင်း ပြောဆိုခ‌ဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=358,q=100/49/49c36d03f6034cbbfba51548bfbd12b5c50ccb6d.jpg

ဆက်လက်ပြီးသူဟာ မျိုးဆက်သစ်လူငယ်တွေအတွက် အာဏာရှင်ဆိုတာ အိပ်မက်ဆိုးပဲဖြစ်ကြောင်း၊ သူတို့က စစ်အစိုးရလက်အောက်မှာ လုံးဝနေလိုမှာမဟုတ်ပဲ သူတို့ရဲ့နေ့ရက်အသစ်တွေအတွက် တိုက်ကြမှာဖြစ်ကြောင်း၊ ဒါက ၆၅% သော ဗမာလူမျိုးတွေအတွက်သာမဟုတ်ဘဲ တိုင်းရင်းသားလူနည်းစုတွေအတွက်ပါပါကြောင်း၊ ထိုင်း၊ ထိုင်ဝမ် နဲ့ ဟောင်ကောင် လူငယ်တွေဟာ အာဏာရှင်ကိုဆန့်ကျင်တဲ့ခေါင်းစဥ်ကနေ ဆန့်ကျင်ပုံနည်းလမ်းတွေမျှဝေခြင်းဖြင့် တဖြည်းဖြည်းနဲ့ နီးစပ်လာပြီဖြစ်ကြောင်း၊ ဒါတွေအပြင် ခေတ်သစ် ဆက်သွယ်မှုပုံစံသစ်တွေ၊ အင်တာနက်လိုမျိုးတွေကြောင့် ဒီမိုကရေစီအရေးရုန်းကန်မှုတွေက အောင်မြင်မယ်လို့မျှော်လင့်ရပါတယ် ဆိုပြီး ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=650,h=499,q=100/3c/3c97cd3bd3274c809f7eda15429a744a983c2997.jpg

သတင်း အရင်းအမြစ်French 24

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T