လက်ရှိအချိန်မှာဆိုရင် လူတွေဟာ အိပ်ရေးပျက်ခြင်းနဲ့ ကြုံတွေခံစားနေရပါတယ်။ American Academy of Sleep Medicine (AASM) ရဲ့ လေ့လာတွေ့ရှိချက်အရ အမေရိကန်မှာဆို အရွယ်ရောက်ပြီးသား လူ ၃ယောက်မှာ
၁ ယောက်လောက်က အမြဲ အိပ်ရေးမ၀ခြင်းနဲ့ ကြုံတွေနေလျက်ရှိပါတယ်။ ဒါကြောင့် အိပ်ရေးမ၀ခြင်း၊ အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ နေမကောင်းဖြစ်ခြင်း

အိပ်ရေးပျက်တဲ့အခါမှာ ခန္ဓာကိုယ်ဟာ ခုခံအားတွေ လျော့သွားတက်ပါတယ်။ ဒါကြောင့် အလွယ်တကူ နေမကောင်းဖြစ်စေပါတယ်။
၂။ နှလုံးနဲ့ပတ်သတ်လို့ ကျန်းမာရေးထိခိုက်ခြင်း

အိပ်ချိန်တိုခြင်း (အိပ်ချိန်တစ်ည၅နာရီမပြည့်) နဲ့ အိပ်ချိန်ကြာခြင်း (တစ်ည ၉နာရီနဲ့အထက်ပိုအိပ်ခြင်း) တို့နှစ်ခုစလုံးက သင့်နှလုံးကို ဒဏ်ပိစေပါတယ်။ European Heart Journal ရဲ့ဖော်ပြချက်အရ အဲ့လိုအိပ်စက်ခြင်းက သင့်နှလုံးရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
၃။ ကင်ဆာဖြစ်နိုင်ချေ မြင့်မားခြင်း

AASM ရဲ့ေလ့လာေတွ့ရှိချက်အရ အိပ်ချိန်နည်းခြင်းက ရင်သားကင်ဆာ, အူမကင်ဆာ နှင့် ဆီးကျိတ်ကင်ဆာတို့ကို ဖြစ်နိုင်ချေမြင့်မားစေပါတယ်။
၄။ မစဉ်းစားနိုင်ခြင်း

တစ်ညလောက် အိပ်ရေးပျက်လိုက်တာနဲ့ သင့်ရဲ့စဉ်းစားတွေးခေါ်ခြင်းအပိုင်းကို တော်တော်လေးထိခိုက်စေတက်ပါတယ်။ ဆုံးဖြတ်ချက်မချနိုင်ခြင်း၊ ပြဿနာတွေမဖြေရှင်းနိုင်ခြင်း၊ ပြန်လည်တုံ့ပြန်မှု နှေးခြင်းနဲ့ သတိမထားမိခြင်း စတာတွေ ဖြစ်ပေါ်လာတက်ပါတယ်။
၅။ ပစ္စည်းများမေ့ခြင်း

အိပ်ေရးပျက်ခြင်းက သင့်ကို ပို၍ မေ့လျော့သွားစေရုံသာမက မှတ်ဥာဏ်အပေါ်အကျိုးသက်ရောက်ကြောင်း ညွှန်ပြသည့် သုတေသနပြုချက်တစ်ခုလည်းရှိပါတယ်။ အပြင်သွားတဲ့အခါ ပစ္စည်းများမေ့တက်ခြင်း၊ မီးပိတ်ဖို့မေ့ခြင်း စသဖြင့် တစ်ခုခုကို မေ့နေတက်တာမျိုးတွေ ဖြစ်တက်ပါတယ်။
၆။ လိင်စိတ်လျော့နည်းသွားခြင်း

အိပ်ရေး၀၀မအိပ်စက်ရခြင်းကြောင့် သင့်ရဲ့လိင်စိတ်ဟာလဲ လျော့ကျသွားပါလိမ့်မယ်။ တစ်ညကို ၅နာရီ နဲ့ ၅နာရီအောက်လောက်ပဲ အိပ်စက်သူတွေရဲ့ Sex Hormone ဟာ 10 ကနေ 15% လောက်ထိ လျော့ကြတက်ပါတယ်။
၇။ ဝိတ်တိုးလာခြင်း

အိပ်စက်ခြင်းနည်းတဲ့သူတွေက ဝိတ်တက်လာတက်ကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။ အသက်၂၀ ၀န်းကျင်လောက်ရှိတဲ့ လူပေါင်း ၂သောင်းကျော်လောက်ကို လေ့လာခဲ့ရာ တစ်ညကို ၅နာရီ လောက်ပဲအိပ်စက်သူတွေက ၃နှစ်လောက်လဲကြာရော ဝိတ်တက်လာတာကို တွေ့ရှိရပါတယ်။ တချို့ဆို အ၀လွန်သူတွေပါဖြစ်လာပါတယ်။
၈။ ဆီးချိုရောဂါဖြစ်နိုင်ချေပိုများလာခြင်း

ခါးကြီးတဲ့သူတွေအနေနဲ့ အိပ်ချိန်နည်းခြင်းပဲဖြစ်ဖြစ် များခြင်းပဲဖြစ်ဖြစ် အရွယ်ရောက်သူများမှစတင်သော ဆီးချိုဖြစ်ပွားမှုနှုန်းကို မြင့်မားစေပါတယ်။
၉။ မတော်တဆထိခိုက်မှု ဖြစ်ပွားခြင်း

National Sleep Foundation ရဲ့လေ့လာတွေ့ရှိချက်အရ တစ်ညကို အိပ်ချိန် ၆နာရီ ဒါမှမဟုတ် အဲ့ထက်နည်းတဲ့သူတွေဟာ ကားမတော်တဆမှုဖြစ်ပေါ်လေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။
၁၀။ အသားအရေပျက်စီးခြင်း

အသက် ၃၀ နဲ့ ၅၀ကြား လူတွေရဲ့ အိပ်စက်ခြင်းနဲ့ သူတို့ရဲ့အသားအရေနဲ့ပတ်သတ်လို့ လေ့လာမှုတစ်ခုလုပ်ခဲ့ပါတယ်။ ရလဒ်များအရအိပ်စက်ခြင်းနည်းသောသူများသည် အရေးအကြောင်းများ၊ အသားအရေမညီမညာဖြစ်နေခြင်းနှင့်အရေပြားကိုပိုမိုနူးညံ့သိမ်မွေ့ခြင်းများရှိကြောင်းတွေ့ရှိရသည်။
သတင်းအရင်းမြစ်: Healthline
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။