ရန်သူမျိုးငါးပါးထဲမှာ ပါဝင်တဲ့ မီးဆိုတာမျိုးက အချိန်မရွေး နေရွာမရွေး ထလောင်တတ်ပါတယ်။
ကိုယ်ရဲ့ပေါ့ဆမှုကြောင်ပဲ ဖြစ်ဖြစ် တပါးသောသူရဲ့ ပရောဂကြောင့်ပဲ ဖြစ်ဖြစ် မီးလောင်နေပီဆိုရင် လုပ်သင့်လုပ်ထိုက်တဲ့ အရာလေးတွေကို ဖော်ပြပေးချင်ပါတယ်။
အကယ်၍သင်က မီးလောင်နေတဲ့ အိမ် (သို့) အဆောက်အဦးထဲမှာ ရှိနေတယ်ဆိုရင် ထွက်ပေါက်ကို အရင်ဆုံးရှာပြီး အပြင်ကိုရအောင်ထွက်ပါ။ ပီးရင် ဘေးပတ်ဝန်းကျင်ကို အကူအညီတောင်းပြီး မီးကိုညှိမ်းသတ်ဖို့ ကြိုးစားပါ။ မီးသတ်ငှာနကို ဖုန်းဆက်ပီး အကူအညီတောင်းပါ။ တယောက်ထဲ အိမ်ထဲမှာ ကြိတ်ပီး ညှိမ်းသတ်ဖို့ မကြိုးစားပါနဲ့။
အကယ်၍ သင့်ဟာ မီးထဲမှာပိတ်မိပြီး ခန္ဓာကိုယ်ဟာ မီးလောင်ခံနေရပီဆိုရင်တော့ မြေပြင်ပေါ်ကိုလှဲချကာ ခန္ဓာကိုယ်ကိုယ်နဲ့ မြေပြင်နဲ့ကိုပွတ်တိုက်ပီး မီးငြိမ်းအောင်လုပ်ပါ။
ပီးရင် နှာခေါင်းကိုပိတ်ပီး မီးထဲကနေရအောင်ထွက်ဖို့ ကြိုးစားပါ။
ကုတင်အောက်တို့ ဗီဒိုအောက်တို့ကို လုံးဝ ဝင်မပုန်းပါနဲ့ ။ ကုတင်တို့ ဗီဒိုတို့ဆိုတာ အချိန်မရွေးမီးစွဲပြီး ကိုယ့်အပေါ်မီးကူးတာတို့ ပိတာတို့ ဖြစ်တတ်ပါတယ်။
အပြင်ကိုလုံးဝထွက်လို့မရဘူးဆိုရင်တော့ ကိုယ့်အတွက် safe ဖြစ်စေလောက်တဲ့နေရာမှာနေပီး အော်ဟစ်အကူအညီတောင်းပါ။
မီးခိုးတွေ အရမ်းများပြီး အသက်ရှူရခက်လာတာမျိုးဖြစ်နိုင်တဲ့အတွက် တတ်နိုင်သလောက် အသက်အောင့်ထားပါ။
အနားမှာ ပြတင်းပေါက်ရှိရင် ပြတင်းပေါက်ကနေ ခုန်ချထွက်ပြေးဖို့ ကြိုးစားပါ။
သတင်း အရင်းအမြစ်៖ Reddit