ဟာသလူရွှင်တော်ညီအစ်ကိုတွေနဲ့ အတူ တတ်နိုင်တဲ့ဘက်ကနေ စားစရာလေးတွေဝေငှပေးရင်း လူထုလှုပ်ရှားမှုမှာတက်ကြွစွာ ပါဝင်ခဲ့တဲ့ ဖြိုးငွေစိုး

//s9.kh1.co/5d/5dde39053e26ecbf74fd023852d8b5552896a95c.jpg
အနုပညာရှင်များ

 ၁၅-ဖေ-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ အရပ်အမောင်းမြင့်မြင့်နဲ့ စမတ်ကျတဲ့ မင်းသားဖြိုးငွေစိုးကတော့ အနုပညာနယ်ပယ်တစ်ခုမှာ အောင်မြင်နေတဲ့ သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖြိုးငွေစိုးဟာ အနုပညာအလုပ်တွေကိုဆယ်စုနီးပါးမက လုပ်ကိုင်လာခဲ့ပြီး ဗီဒီယိုဇာတ်ကားများစွာကိုလည်း ရိုက်ကူးထားသူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေ လုပ်ကိုင်နေတာ မတွေ့ရသလောက်ရှိနေပြီး သူ့ရဲ့နေ့စဥ်လှုပ်ရှားမှုတွေကိုတော့ မကြာခဏဖော်ပြပေးပါတယ်။

Photo Credit - Phyo Ngwe Soe fb account
Photo Credit - Phyo Ngwe Soe fb account
Photo Credit - Phyo Ngwe Soe fb account
Photo Credit - Phyo Ngwe Soe fb account
Photo Credit - Phyo Ngwe Soe fb account
Photo Credit - Phyo Ngwe Soe fb account

ယခုအချိန်မှာ ဖြိုးငွေစိုးက သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ဖြိုးငွေစိုးက ပြည်သူ့ပရိသတ်တွေနဲ့အတူ တိုင်းပြည်ရဲ့အနာဂါတ်ကို အကောင်းဆုံးဖြစ်အောင် လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွနဲ့ ပါဝင်ကြတာကိုလည်း တွေ့မြင်ရပါတယ်။ယခုမှာတော့ လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း အမှတ်တရ ရိုက်ထားတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ဖော်ပြလာခဲ့ပါတယ်။

Photo Credit - Phyo Ngwe Soe fb account
Photo Credit - Phyo Ngwe Soe fb account
Photo Credit - Phyo Ngwe Soe fb account
Photo Credit - Phyo Ngwe Soe fb account
Photo Credit - Phyo Ngwe Soe fb account
Photo Credit - Phyo Ngwe Soe fb account

ဒီပုံလေးတွေထဲမှာလည်း ဖြိုးငွေစိုးက ဟာသလူရွှင်တော် အနုပညာရှင်ညီအစ်ကိုတွေနဲ့အတူ လမ်းမပေါ်က ပြည်သူပြည်သားတွေကို စားသောက်စရာလေးတွေ လိုက်လံဝေငှပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့လည်း ဖြိုးငွေစိုးက " ကျွန်တော်တို့ တက်နိုင်တာ လုပ်နိုင်တာအကုန်လုပ်မှာပါ...လမ်းပေါ်မှာရှိနေတဲ့ ပြည်သူတွေနဲ့အတူပေါ့ဗျာ ကျွန်တော်တို့ကဘဝတူတွေလေ.... ကျွန်တော်တို့ သားသမီးတွေကိုတော့ကျွန်တော်တို့နဲ့ဘဝတူတွေမဖြစ်စေရဘူး......" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ပရိသတ်ကြီးရေ တိုင်းပြည်အတွက် အုပ်တစ်ချပ်သဲတစ်ပွင့် အနေနဲ့ အားမာန်တက်ကြွစွာ ပါဝင်ရပ်တည်ပေးခဲ့ကြတဲ့ ဟာသလူရွှင်တော်တွေနဲ့ ဖြိုးငွေစိုးတို့ကို ဂုဏ်ပြုစကားလေး ပြောပေးခဲ့ပါဦး။

Photo Credit - Phyo Ngwe Soe fb account
Photo Credit - Phyo Ngwe Soe fb account
Photo Credit - Phyo Ngwe Soe fb account
Photo Credit - Phyo Ngwe Soe fb account

သတင်း အရင်းအမြစ်Source - Phyo Ngwe Soe fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T