မျိုးရိုးကြောင့်၊ အသက်အရွယ်ကြောင့် (သို့မဟုတ်) အမျိုးသမီးဖြစ်နေခြင်းကြောင့် စတဲ့အကြောင်းပြချက်တွေနဲ့ အမျိုး သမီးထုဟာ တစ်ချိန်ချိန်မှာ ရင်သားကင်ဆာဆိုတဲ့ အိပ်မက်ဆိုးနဲ့ တည့်တည့်တိုးနိုင်ပါတယ်။ သို့သော်လည်း သုတေသီ များကတော့ ဒီရောဂါကို ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းများရှိတယ်လို့ ဖော်ပြလာပါတယ်။

Dana-Farver Cancer Institute မှ ရင်သားကင်ဆာကျွမ်းကျင်သူ Erica Mayer ကတော့ ရင်သားကင်ဆာကိုလျှော့ချ ပေးနိုင်တဲ့ နည်းလမ်း (၅) မျိုးကို အောက်ပါအတိုင်းအကြံပြုထားပါတယ်။

၁။ ရင်သားစစ်ဆေးပါ

အမျိုးသမီးများ အသက် (၄၀)ကို စတင်ပြီဆိုတာနဲ့ ရင်သားစစ်ဆေး scan ဖတ်ခြင်းကို ဆောင်ရွက်သင့်ပါတယ်။ ဒီလို ကြိုတင်စစ်ဆေးခြင်းဟာ ရင်သားကင်ဆာဖြစ်ပွားခြင်းကို ကာကွယ်ကုသနိုင်ခြင်းမရှိသော်လည်း ရောဂါလက္ခဏာတွေ စတင်မပြခင်မှာ ကြိုတင်သိရှိနိုင်ဖို့ဖြစ်ပါတယ်။

၂။ ကိုယ်အလေးချိန်ကို ဂရုစိုက်ပါ

အသီးအရွက်၊ အသီးအနှံနဲ့ အစေ့အဆန်များ၊ အမျှင်ဓာတ်များတဲ့အစားအစာများကို ရွေးချယ်စားသုံးသင့်ပါတယ်။ အဆီ ဓာတ်မြင့်မားစွာပါဝင်တဲ့အစားအစာများဟာ သင့်ကိုယ်အလေးချိန်ကို မြင့်တက်စေပြီး ဒီလိုကိုယ်အလေးချိန်မြင့်တက်ခြင်း ဟာ ရင်သားကင်ဆာဖြစ်ပွားဖို့အလားအလာပိုကောင်းစေပါတယ်။

၃။လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ

ရက်သတ္တပတ်တစ်ပတ်ကို (၁၀)နာရီမှ (၁၉) နာရီအတွင်းပုံမှန်ပြုလုပ်သူများဟာ ရင်သားကင်ဆာဖြစ်ပွားနိုင်မှုကို (၃၀) ရာခိုင်နှုန်းလျှော့ချနိုင်ပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာဝေဒနာကိုခံစားဖူးသူများအနေနှင့်လည်း လေ့ကျင့်ခန်းတစ်ခု ခု ကို ပုံမှန်လုပ်ခြင်းဖြင့် အထိုင်များသူများထက် ရင်သားကင်ဆာပြန်ဖြစ်မှုနှုန်းကိုကျဆင်းစေ ပါတယ်။

၄။ အရက်လျှော့ပါ

အမျိုးသမီးများအနေနဲ့ အရက်ပိုသောက်လေ၊ ရင်သားကင်ဆာပိုဖြစ်နိုင်လေပါပဲ။ မူးချင်လို့ကိုသောက်တယ်လို့ဆိုသူများ အတွက် ကိုယ့်ကိုယ်ကို ကန့်သတ်ထားသင့်ပြီးအလွန်အကျွံသောက်သုံးခြင်းကိုရှောင်ကြဉ်သင့်တယ်လို့ အကြံပြုထားပါ တယ်။

၅။ မိသားစုရာဇဝင်ကိုလည်းလေ့လာပါ

သင့်မိသားစုဝင်တွေထဲမှာ ရင်သားကင်ဆာဖြစ်ဖူးသူများရှိတယ်ဆိုရင်တော့ မျိုးရိုးအရဖြစ်နိုင်ချေရှိမရှိဆိုတဲ့ စစ်ဆေးမှု များကို ဆောလျင်စွာပြုလုပ်ထားပါ။ ရင်သားကင်ဆာဖြစ်ပွားသူများရဲ့ (၂၀)မှ (၃၀) ရာခိုင်နှုန်းအတွင်းဟာ မျိုးရိုးအရ ရင်သား ကင်ဆာဖြစ်ပွားသူများဖြစ်ပါတယ်။ မျိုးရိုးထဲမှာ ဖြစ်ပွားဖူးသူရှိရင်လည်း ကြောက်ရွ့ံစရာမရှိပါဘူး။ ဖြစ်နိုင်ချေ နှုန်းကိုလျှော့ချနိုင်တဲ့ နည်းလမ်းများရှိပါတယ်လို့ ဖော်ပြထားပါတယ်။

သတင်းအရင်းမြစ် Myanmar people mag

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။