ဆယ်စုနှစ်ကျော်တိုင် ရင်းနှီးခင်မင်ခဲ့ရတဲ့ အနုပညာရှင် ညီအစ်ကို မောင်နှမတွေနဲ့အတူ ဆူးလေအထိသွားရောက်ပြီး ဝန်းရံခဲ့တဲ့ လွင်မိုး

//s9.kh1.co/b7/b7231ca2a8a6af2bd7c319893bf119dc6fefeb15.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားကြီး ဦးလွင်မိုးကတော့ ဆယ်စုနှစ်များစွာတိုင် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ခဲ့တာဖြစ်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုတွေကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ ဦးလွင်မိုးက ပရိသတ်အားပေးချစ်ခင်မှုကိုလည်း တစ်ခဲနက်ရရှိထားတာဖြစ်ပါတယ်။ ဦးလွင်မိုးက လက်ရှိမှာလည်း အနုပညာလှုပ်ရှားမှု အသစ်တွေကို ဖန်တီးရိုက်ကူးလေ့ရှိတာဖြစ်ပါတယ်။ 

Photo credit - Lwin Moe's FB account
Photo credit - Lwin Moe's FB account
Photo credit - Lwin Moe's FB account
Photo credit - Lwin Moe's FB account

အနုပညာအလုပ်တွေကို ဆက်တိုက်ဆိုသလို ကြိုးစားလုပ်ကိုင်လျက်ရှိတဲ့ ဦးလွင်မိုးက ယခုလို အခြေအနေမျိုးမှာတော့ ပြည်သူတွေနဲ့အတူ တက်တက်ကြွကြွပါဝင်လှုပ်ရှားနေတာကို တွေ့ရပါတယ်။ ဦးလွင်မိုးက သူရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ဝန်းရံရပ်တည်နေတဲ့ ပုံတွေကို တင်ပေးလေ့ရှိတာဖြစ်ပါတယ်။ ယနေ့မှာတော့ ဦးလွင်မိုးက အနုပညာရှင် ညီအစ်ကို မောင်နှမတွေနဲ့အတူ ဝန်းရံခဲ့တဲ့ ပုံလေးတွေကို တင်ပေးလာတာပါနော်။

Photo credit - Lwin Moe's FB account
Photo credit - Lwin Moe's FB account
Photo credit - Lwin Moe's FB account
Photo credit - Lwin Moe's FB account

ဆယ်စုနှစ်ကျော်အထိ အနုပညာလမ်းကြောင်းထက်မှာ ရပ်တည်အောင်မြင်ခဲ့တဲ့ အနုပညာရှင်တွေနဲ့အတူ ရိုက်ကူးထားတဲ့ ပုံလေးတွေအပြင် " 1988..ကအလွမ်းတွေနဲ့ ဆူးလေလမ်းပေါ်ပြန်ရောက်လာတဲ့ မိတ်ဆွေဟောင်းများနဲ့အတူ ညီညွတ်ခဲ့ကြတယ် " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ သရုပ်ဆောင် မင်းသားကြီး ဦးလွင်မိုးက အခုလို အခြေအနေတွေမှာ နိုင်ငံအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်နေတာဖြစ်လို့ ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - Lwin Moe's FB account
Photo credit - Lwin Moe's FB account
Photo credit - Lwin Moe's FB account
Photo credit - Lwin Moe's FB account
Photo credit - Lwin Moe's FB account
Photo credit - Lwin Moe's FB account

သတင်း အရင်းအမြစ် Source - Lwin Moe's FB account

Khaing Zar Thwe
Thae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T