လူထုလှုပ်ရှားမှုတွေကို နေ့တိုင်းတက်ကြွစွာပါ၀င်ကာ ဆူးလေမှာပရိသတ်တွေနဲ့အတူအားဖြည့်ခဲ့တဲ့ စန္ဒီမြင့်လွင်

//s9.kh1.co/65/65adeafcd19960ae3569289caec691e8e0c22e13.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားသလို ကြင်နာတတ်တဲ့ခင်ပွန်းနဲ့ ချစ်စရာကောင်းလွန်းတဲ့သမီးလေးတို့နဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ဖြတ်သန်းနေသူကတော့ စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်နော်..။ စန္ဒီမြင့်လွင်ကတော့ အဆိုပိုင်းမှာလည်း အမိုက်စားသီချင်းကောင်းတွေကို သီဆိုတတ်တဲ့သူဖြစ်ပြီး ပရိသတ်အားပေးမှုအပြည့်အ၀ ရရှိခဲ့တာဖြစ်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Photo credit-​ Sandy Myint Lwin's Facebook page
Photo credit-​ Sandy Myint Lwin's Facebook page
Photo credit-​ Sandy Myint Lwin's Facebook page
Photo credit-​ Sandy Myint Lwin's Facebook page

လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် အနုပညာရှင်တွေကလည်းပြည်သူတစ်ယောက်အနေနဲ့ ရဲဝံ့စွာလူထုလှုပ်ရှားမှုတွေကိုလုပ်ဆောင်နေကြတာကို တွေ့မြင်ကြမယ်ထင်ပါတယ်။ လူထုလှုပ်ရှားမှုတွေဟာလည်း အရှိန်အဟုန်မြင့်ကာဆက်လက်လုပ်ဆောင်နေကြတာဖြစ်ပြီး စန္ဒီမြင့်လွင်ဟာလည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီအားဖြည့်ကာ နေ့စဉ်နေ့တိုင်းလူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်နော်.....။

Photo credit-​ Sandy Myint Lwin's Facebook page
Photo credit-​ Sandy Myint Lwin's Facebook page
Photo credit-​ Sandy Myint Lwin's Facebook page
Photo credit-​ Sandy Myint Lwin's Facebook page

ဒီနေ့မှာဆိုရင်လည်း ဆူးလေမှာလူထုလှုပ်ရှားမှုတွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေကြတာဖြစ်ပြီး စန္ဒီမြင့်လွင်တစ်ယောက်လည်း ဆူးလေမှာ ပရိသတ်တွေနဲ့အတူရပ်တည်‌ခဲ့တာဖြစ်ပါတယ်။ ဒီပုံလေးတွေကို သူမရဲ့ Facebookစာမျက်နှာမှာ "ကျွန်မတို့ကလူငယ်တွေပါ ကျွန်မတို့မှာအနာဂါတ်ရှိတယ် ဆူးလေ လူပင်လယ်၁၇.၂၊၂၀၂၁ အမှတ်တရ...." ဆိုပြီး တင်ပေးထားခဲ့တာဖြစ်ပါတယ်။ ကဲ....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Sandy Myint Lwin's Facebook page
Photo credit-​ Sandy Myint Lwin's Facebook page
Photo credit-​ Sandy Myint Lwin's Facebook page
Photo credit-​ Sandy Myint Lwin's Facebook page

သတင်း အရင်းအမြစ်Sandy Myint Lwin's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T