မျက်ရည်ကျလောက်အောင်လေးစားပီတိဖြစ်ရတဲ့ ပြည်သူတွေရဲ့ဖေးမကူညီမှုနဲ့ တာဝန်ကျေမှုတွေကို ကျေးဇူးတင်ဦးညွှတ်လိုက်တဲ့ ပိုင်ဖြိုးသု

//s9.kh1.co/21/218d7b7539d0b3c506aa177cb75c8a957a5bebde.jpg
အနုပညာရှင်များ

 ၁၇-ဖေ-၂၀၂၁ ၅pm · လွန်ခဲ့သော ၃ နှစ် က

..

ပရိသတ်ကြီးရေ.. သုသုလို့ အားလုံးက ချစ်စနိုးခေါ်ကြပြီး သရုပ်ဆောင်ပိုင်နိုင်ကျွမ်းကျင်သလို စိတ်သဘောထားလေးပြည့်ဝကာ ချစ်စရာကောင်းတာတွေကြောင့် အနုပညာလောကမှာအောင်မြင်မှုတွေအခိုင်အမာနဲ့ ရပ်တည်နေသူလေးကတော့ အကယ်ဒမီမင်းသမီးချောလေး ပိုင်ဖြိုးသုပဲ ဖြစ်ပါတယ်..။

သုသုလေးကတော့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာဏကြီးနဲ့အတူ လိုက်ဖက်ညီညီနဲ့ လူထုလှုပ်ရှားမှုတွေမှာလည်း စွမ်းစွမ်းတမံပါဝင်လုပ်ဆောင်နေပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေသူလေးလည်း ဖြစ်ပါတယ်နော်..။

Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc

သုသုတို့ဇနီးမောင်နှံဟာ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့အတူ နေ့စဉ်နေ့တိုင်းမှာ မပျက်မကွက်လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေပြုလုပ်နေသလို အားလုံးနဲ့အတူတတ်အားသရွေ့ပူးပေါင်းပါဝင်နေကြတဲ့ ပြည်သူတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်စကားလေးဆိုလာပါတယ်နော်..။

မျက်ရည်ကျလောက်အောင်လေးစားပီတိဖြစ်ရသလို ချီးကျူးစရာကောင်းလွန်းတဲ့ စိတ်ထားနဲ့စည်းလုံးတတ်ကြတဲ့ ပြည်သူတွေရဲ့ဖေးမကူညီမှုနဲ့ တာဝန်ကျေမှုတွေကို သူမရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ကျေးဇူးတင်ဦးညွှတ်လိုက်တာ ဖြစ်ပါတယ်နော်..။

Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc

"တစ်ယောက်စီတိုင်းမှာ တန်ဖိုးကိုယ်စီ ရှိကြတယ်??????

ခေါက်တုန့်ခေါက်ပြန် လမ်းဖြတ်ကူးနေတဲ့ ဈေးခြင်းတောင်းနဲ့အဒေါ်ကြီးတွေ

ရထားလမ်းပေါ်ကန့်လန့်အိပ်နေတဲ့ဦးလေးကြီးတွေ

ဆီဘောက်ဆာကားပေါ်ငုတ်တုတ်ထိုင်ပြီး ဆီပြတ်သွားလို့ကားရပ်ထားရတာလို့ဘုတောနေတဲ့အစ်ကိုကြီး

ကျွတ်ကျွတ်အိတ်ထဲကလိမ်မော်သီးလေးတွေဝေနေတဲ့ ဝါကျင့်ကျင့်နွမ်းနွမ်းဖတ်ဖတ်အဝတ်စားနဲ့မောင်လေးသေးသေးလေး

ဖရဲသီးစိတ်လေးဝေနေတဲ့ ပါးဖောင်းဖောင်းပါးကွက်ကျားနဲ့ကလေးမငယ်လေး

အုန်းသီးပုံပေါ်စိန်ပြေနပြေထိုင်ပြီးအုန်းရေအလကားတိုက်နေတဲ့အဘိုင်

ကျောင်းသားလေးတွေထိခိုက်မှာစိုးလို့ အညိုရောင်ကျောပြင်ကြီးကိုကျည်ကာတံတိုင်းလုပ်ပေးတဲ့မွတ်ဆလင်ဦးလေးကြီး

မီးဖြတ်မှာစိုးလို့ EPC ဝန်းကို ချမ်းအေးတဲ့ဒဏ် သေနတ်သံတွေကြားအံတုပြီး တနေ့လုံးတညလုံးပိတ်ဆို့ပေးတဲ့ မြစ်ကြီးနားကမောင်နှမတွေ

မေတ္တာရှေ့ထား ဆန္ဒထုတ်ဖော်ပေးတဲ့ သင်းအုပ်ဆရာတော်များ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ

တနေ့စာတနေ့ရောင်းရမဲ့ကုန်စိမ်းလေးတွေ ဆန်ဆီငရုပ်ကြက်သွန်တွေ ရော့အင့်ဆိုအပြေးအလွှားသွားပုံပေးကြတဲ့ဈေးသည်သူဌေးကြီးတွေ

အချိန်နာရီမတူတဲ့အရပ်ကနေ့မအားညမနားကီးဘုတ်ဖိုက်တာကိုကိုမမများ

ဒီနေ့တော့ပင်ပန်းပြီမို့ လမ်းပေါ်ထွက်ဖို့ခဏနားဦးမှလို့စတေးတပ်တင်ပြီး နောက်နေ့မနက်ကျတော့ လမ်းမအလည်ခေါင်ကြီးဆိုင်းဘုတ်ကိုင် live လွှင့်နေတဲ့သူတွေ

ရဲမို့ငါ့ရွှေရင်အေးရောင်းမပေးနိုင်ဘူးလို့ချေလွှတ်တဲ့ဘုရားကြီးနားကဦးလေးကြီး

တစ်ပတ်ကို ငါးတပိဿာ ပုစွန်တပိဿာနှုန်းဝန်ထမ်းကဒ်ပြပြီးလာယူလှည့်ပါဟဲ့လို့ပြောနေတဲ့သူတွေ

CDM မှာပါရင် ဆိုင်ကကြိုက်တာစားဆိုပြီး လမ်းဘေးပလက်ဖောင်းအထမ်းဆိုင်ရှင်ကြီးတွေကစလို့ စားသောက်ဆိုင်တွေပါမကျန်.....

လွပ်လပ်ခြင်း တရားမျှတခြင်း လုံခြုံငြိမ်းချမ်းခြင်းအတွက် မိမိတို့တတ်နိုင်တဲ့ဘက်ကပါဝင်ပေးနေတဲ့ တစ်ယောက်စီတိုင်းကိုကျေးဇူးတင်ဦးညွတ်ပါရစေ။.." ဆိုပြီး သုသုလေးက ကျေးဇူးတင်စကားလေးဆိုထားတာပဲ ဖြစ်ပါတယ်..။

Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc
Photo Credit - Paing Phyo Thu's Fb Acc

သတင်း အရင်းအမြစ်Paing Phyo Thu's Fb Acc

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T