တူလေးရဲ့အနာဂတ်ကိုစိတ်ပူလို့ ငိုမိတဲ့အပြင် လမ်းပေါ်ထွက်ပြီးတော့လည်း ပြည်သူလူထုနဲ့အတူ အားမာန်အပြည့်နဲ့ပါဝင်လှုပ်ရှားနေတဲ့ G Fatt

//s9.kh1.co/b8/b8027364de06b6f38ba6cdc023a3436d04f48055.jpeg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

တူလေးရဲ့အနာဂတ်ကိုစိတ်ပူလို့ ငိုမိတဲ့အပြင် လမ်းပေါ်ထွက်ပြီးတော့လည်း ပြည်သူလူထုနဲ့အတူ အားမာန်အပြည့်နဲ့ပါဝင်လှုပ်ရှားနေတဲ့ G Fatt

အဆိုတော်G Fattကတော့ လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတာဖြစ်ပြီး သူ့ရဲ့သီချင်းတိုင်းကလည်းအရမ်းနားထောင်လို့ကောင်းပါတယ်နော်။G Fattက အနုပညာလောကထဲကို ကိုယ့်အားကိုယ်ကိုးပြီး ဝင်ရောက်လာခဲ့ကာ ရိုးသားကြိုးစားတဲ့သူဖြစ်လို့ ပရိသတ်တွေကလည်းဝန်းရံအားပေးခဲ့ကြတာဖြစ်ပါတယ်။G Fattက အရမ်းသဘောထားပြည့်ဝတဲ့သူဖြစ်လို့ ပရိသတ်တွေက သူ့ကိုအမျိုးမျိုးစနောက်ကျီစယ်ကြရင်လည်း စိတ်မဆိုးဘဲအပြုံးလေးနဲ့သာ တုံ့ပြန်တာဖြစ်ပါတယ်။လတ်တလောမှာဆိုရင် G Fattက ခရီးကနေပြန်ရောက်လာပြီး လက်ရှိဖြစ်ပေါ်နေတဲ့ကိစ္စတွေမှာ ပြည်သူလူထုနဲ့အတူ ပူးပေါင်းပါဝင်နေတာဖြစ်ပါတယ်နော်။

Photo Credit:G Fatt’s Facebook Account
Photo Credit:G Fatt’s Facebook Account
Photo Credit:G Fatt’s Facebook Account
Photo Credit:G Fatt’s Facebook Account
Photo Credit:G Fatt’s Facebook Account
Photo Credit:G Fatt’s Facebook Account

G Fattက မန္တလေးကိုရောက်နေစဉ်မှာလည်း လမ်းပေါ်ထွက်ပြီး အနုပညာမောင်နှမတွေနဲ့အတူ အမှိုက်ကောက်အဖွဲ့မှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့တာဖြစ်ပါတယ်။ရန်ကုန်ပြန်ရောက်တဲ့အခါမှာလည်း ဂီတလမ်းကြောင်းပေါ်ကအနုပညာမောင်နှမတွေနဲ့အတူ လမ်းပေါ်ထွက်ပြီး အားမာန်အပြည့်နဲ့ ပါဝင်နေတာဖြစ်ပါတယ်နော်။G Fattကတော့သူကိုယ်တိုင်လည်း လူငယ်တစ်ယောက်ဖြစ်တဲ့အပြင် နောင်အနာဂတ်လူငယ်တွေရဲ့ရှေ့ရေးအတွက်ပါ ပူပင်ပြီးပြည်သူလူထုနဲ့ တစ်သားတည်းရပ်တည်ကာ တစ်တပ်တစ်အားပူးပေါင်းလိုက်တာဖြစ်ပါတယ်။

Photo Credit:G Fatt’s Facebook Account
Photo Credit:G Fatt’s Facebook Account
Photo Credit:G Fatt’s Facebook Account
Photo Credit:G Fatt’s Facebook Account

အခုဆိုရင်တော့ G Fattက”ချီ​ကွေဗားရား လက်သစ်​တွေ တိုက်စစ်ဖွင့်ကြ​တော့ ငါတို့မျိုးဆက်လည်း ထပ်ကြပ်မခွာတံတိုင်း​ဆောက်ရ​တော့တာပါပဲ ​ယောက်ဖ​ရေ .. မင်းတို့ငါတို့ ဖတ်ဖူးတဲ့သမိုင်း​​တွေကို  မင်းတို့ငါတို့လက်​တွေ့ဖြတ်သန်းကြရတဲ့အခါ အုပ်​လေးတစ််ချပ် သဲ​လေးတစ်ပွင့်ဆိုတာထက်​တော့ ပိုသင့်တယ်မလား?နေနိုင်သူ​တွေကို​တော့ ထားလိုက်ပါ​တော့ကွာ ။ မ​နေနိုင်သူ​တွေနဲ့ ​ရှေ့ဆက်ကြတာ​ပေါ့ ။အ​မေက ငိုတယ်ကွ ငါ့ကို စိတ်ပူလို့တဲ့ ငါလည်း ငိုတယ်ကွ ငါ့တူ​လေးအနာဂါတ်ကိုစိတ်ပူလို့ ။”ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။G Fattကတော့ ပြည်သူတွေရဲ့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ရင်ဆိုင်နေတာကြောင့် သူ့ရဲ့ပုံရိပ်တွေကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit:G Fatt’s Facebook Account
Photo Credit:G Fatt’s Facebook Account
Photo Credit:G Fatt’s Facebook Account
Photo Credit:G Fatt’s Facebook Account
Photo Credit:G Fatt’s Facebook Account
Photo Credit:G Fatt’s Facebook Account

Source&Photo Credit:G Fatt’s Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T