ဒီအခြေအနေကြီးသာအမြန်ပြီးသွားမယ်ဆိုရင် အသေခံဝံ့တယ်ဆိုတဲ့ (၂၀)ကျော်အရွယ်မိန်းကလေးတွေရဲ့စကားကြောင့် မျက်ရည်ကျခဲ့ရတဲ့ အေးသီတာ

//s9.kh1.co/51/512a286b3ca09cb77326f6a3fe867bffb64a7695.jpeg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဒီအခြေအနေကြီးသာအမြန်ပြီးသွားမယ်ဆိုရင် အသေခံဝံ့တယ်ဆိုတဲ့ (၂၀)ကျော်အရွယ်မိန်းကလေးတွေရဲ့စကားကြောင့် မျက်ရည်ကျခဲ့ရတဲ့ အေးသီတာ

ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အေးသီတာကတော့ အနုပညာအလုပ်တွေကို COVID-19 (first wave)ဖြစ်ကတည်းက နားထားတာကြောင့် ကိုယ်တက်ကျွမ်းတဲ့အချက်အပြုတ်လေးနဲ့ စီးပွါးရေးလုပ်ဆောင်နေတာဖြစ်ပါတယ်။အေးသီတာရောင်းချတဲ့ မုန့်ဟင်းခါးကလည်း လအနည်းငယ်အတွင်းမှာ လူသိများလာလို့ မှာယူစားသုံးကြတဲ့သူတွေလည်းမနည်းပါဘူးနော်။အေးသီတာကလည်း စားသုံးသူတွေစားကောင်းစေဖို့အတွက် စေတနာအပြည့်နဲ့ချက်ပြုတ်ပြီး စျေးသက်သက်သာသာနဲ့ရောင်းချတာဖြစ်ပါတယ်။အေးသီတာကတော့ မုန့်ဟင်းခါးအော်ဒါမှာတဲ့သူတွေဆီကိုလည်း သူမကိုယ်တိုင်လိုက်ပို့ပေးသေးတာဖြစ်ပါတယ်။

Photo Credit:Aye Thida’s Facebook Account
Photo Credit:Aye Thida’s Facebook Account
Photo Credit:Aye Thida’s Facebook Account
Photo Credit:Aye Thida’s Facebook Account

အခုကာလမှာတော့ လက်ရှိဖြစ်ပေါ်နေတဲ့အရေးကိစ္စတွေကြောင့် အေးသီတာလည်း သူမရဲ့စီးပွါးရေးကိုရပ်နားထားပြီး ပြည်သူလူထုနဲ့အတူ တစ်သားတည်းပါဝင်နေတာဖြစ်ပါတယ်။အေးသီတာက ပြည်သူလူထုကို သူမတတ်စွမ်းသလောက် ကူညီပေးတာဖြစ်လို့ အိမ်အပြန်ခက်ခဲနေကြတဲ့လူငယ်တွေကို သူမကားနဲ့လိုက်ပို့ပေးတာဖြစ်ပါတယ်။အခုလိုအချိန်မျိုးမှာ လမ်းမပေါ်မှာ လူပေါင်းများစွာပါဝင်လှုပ်ရှားနေကြတာကြောင့် YBSကားတွေသိပ်မထွက်တော့ဘဲ Taxiတွေပါရှားသွားတာဖြစ်ပါတယ်။ဒီလိုအခက်အခဲတွေနဲ့ကြုံရတဲ့ မိန်းကလေးသုံးယောက်ကို အေးသီတာက အိမ်အရောက်ပြန်လိုက်ပို့ပေးပြီး ကားပေါ်မှာစကားပြောဖြစ်ကြတဲ့အကြောင်းလေးကို အောက်ပါအတိုင်းရေးသားထားတာဖြစ်ပါတယ်။

Photo Credit:Aye Thida’s Facebook Account
Photo Credit:Aye Thida’s Facebook Account
Photo Credit:Aye Thida’s Facebook Account
Photo Credit:Aye Thida’s Facebook Account
Photo Credit:Aye Thida’s Facebook Account
Photo Credit:Aye Thida’s Facebook Account

အေးသီတာကတော့”ရင်နာလိုက်တာ ဒီနေ့ အပြန် Free Drive ပို့ရင်း အသက် ၂၀ ကျော် ကလေးမ လေး ၃ယောက် နဲ့စကားပြောဖြစ်တယ်။အန်တီရေ ဘယ်လောက်တောင် ကြာမလဲ မသိဘူး သမီးတို့ စိတ်တွေ မရှည်တော့ဘူး ၊ သမီးpost တခုမှာ ဖတ်ရတာ လူတွေ ရာထောင် ချီ သေမှ  US စစ်တပ် က ဝင်ကူမယ့် အနေအထား ဆို ၊ အဲ့လို သာ လူတစ်ထောင်လောက် သေပေး လို့ US ဝင် လာမယ် ၊ ဒါကြီး ပြီးသွားမယ် ဆို သမီး နဲ့ သူငယ်ချင်းတွေ တိုင်ပင် ထားတယ် ၊ သတ်ခံ ဖို့ အရွေး ခံကြမယ် ၊ သေရလည်း နောက်ဘဝ က နေ ကျေနပ်မယ် တဲ့လေ ။ကျွန်မ ရင်ထဲ စူးခနဲပဲမျက်ရည်က အလိုလိုကျတယ်၊ မပေး နိုင် ပါဘူး ကလေးတွေ ရယ် ၊ တစ်ယောက် လေးနဲ့ မှ တောင် မလဲ နိုင်ပါဘူး ၊မင်း တို့ တန်ဖိုး နဲ့ သူတို့ အားလုံး လဲ မယ် ဆိုတောင် မတန်ပါဘူး လို့ ။ စိတ်ရှည်ပါ  စိတ်ကို အဆင်ပြေအောင် ထားပါပြောပြရင်း အိမ်အရောက် ပို့ပေး ဖြစ်တယ်။ပြန်လာတဲ့ ခရီး ကျွန်မ ရင် တဆစ်ဆစ် နာလွန်းတယ်”ဆိုပြီး သူမရဲ့ခံစားချက်တွေကိုဖွင့်ဟလာတာဖြစ်ပါတယ်နော်။

Photo Credit:Aye Thida’s Facebook Account
Photo Credit:Aye Thida’s Facebook Account
Photo Credit:Aye Thida’s Facebook Account
Photo Credit:Aye Thida’s Facebook Account

Source&Photo Credit:Aye Thida’s Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T