ယုံကြည်ရာပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ပြည်သူတွေနဲ့ တစ်သားတည်းရှိကာ တတ်အား သရွေ့ပါဝင် လှူဒါန်းမှုတွေကို လုပ်ဆောင်နေတဲ့ နေဆန်းတို့ ဇနီးမောင်နှံ

//s9.kh1.co/5f/5f395d91e9abb0d0fe79232f15a162db615a72d5.jpg
အနုပညာရှင်များ

 ၁၈-ဖေ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

ချစ်ပရိသတ်ကြီးရေ.......ရုပ်ရှင်သရုပ်ဆောင် နေဆန်းကတော့ ဗီဒီယိုဇာတ်ကားတွေ ခေတ်တည်းက အနုပညာလောကတွင် အောင်မြင်ကျော်ကြားမှုတွေကို သိမ်းပိုက်ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။နေဆန်းက ယနေ့အချိန်အထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လေး လုပ်ဆောင်ကာ ပရိသတ်တွေရဲ့ချစ်ခင်အားပေး မှုကို ရရှိထားတုန်းပဲ ဖြစ်ပါတယ်။သူကတော့ သားတစ်ယောက်၊သမီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့သူ ဖြစ်ပြီး သာယာပျော်ရွှင် အေးချမ်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာ ပဲဖြစ်ပါတယ်။

Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account

နေဆန်းတို့ ဇနီးမောင်နှံ ဟာဆိုရင် စီးပွားရေးအလုပ်တွေကို အတူတကွလုပ်ဆောင်ကာ လက်ရှိမှာဆိုရင်တော့ "နယူးချစ်တီး"ဆိုတဲ့ ထမင်းဆိုင်လေးကို အောင်မြင်စွာ ဖွင့်လှစ်ထားတာ ပဲဖြစ်ပါတယ်။သူတို့ရဲ့ထမင်းဆိုင်လေးဟာလည်း စာသုံးသူများတာကြောင့် ပိုပြီး အောင် မြင်လာတဲ့ အပြင် အလှူအတန်း တွေမှာလည်း ရက်ရောတာကို တွေ့ရပါတယ်နော်......။လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ​မှာဆိုရင်လည်း ပြည်သူတွေနဲ့ တစ်သားတည်းရှိတဲ့ အပြင် လမ်းမပေါ်ထွက်ကာ တတ်နိုင်သလောက် လှူတန်းမှုတွေ ပြုလုပ်နေတာ ပဲဖြစ်ပါတယ်။

Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account

မကြာသေးခင်အချိန်မှာတော့ လူမူကွန်ယက် စာမျက်နှာထက်တွင် "(17.2.2012) UNရုံးရှေ့ထမင်းဆီဆမ်း+ကြက်ဥကြော်+မြေပဲဆံ +ငရုတ်သီးကြော် ဗူး'(100) ကော်ဖီအေး ဗူး (500) နဲ့ တတ်အားသရွေ့ပါဝင်ခဲ့တဲ့ဒီနေ့အလှူလေးပါ။နောက်နေ့တွေလဲထပ်လှူနိုင်ဖို့ကြိုးစားသွားပါမယ်။#ပြည်သူနဲ့တသားတည်းလှူတဲ့ကုသိုလ် အမျှ အမျှ အမျှပါနော်?????"ဆိုပြီး ရေးသားဖော်ပြကာ ကြည်နူးစရာကောင်းတဲ့ လှူတန်းမှု ပုံရိပ်လေးတွေကို မျှဝေပေးလာတာ ဖြစ်ပါတယ်။နေဆန်းတို့ ဇနီးမောင်နှံရဲ့ အလှူလေးကို သာဓုခေါ်ပေးနိုင်စေဖို့ အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်....။

Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account
Photo Credit -Chaw Su FB Account

သတင်း အရင်းအမြစ်Chaw Su FB Account

Yamin Kay Khine
Yamin Kay Khine

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T